ဒီမိုကရေစီဟာ အကောင်းဆုံးပုံစံ ဆိုတာ မြန်မာတွေလက်ခံ
2014.04.04

ဒီမိုကရေစီဟာ သူ့ ပြဿနာနဲ့သူ ရှိကောင်းရှိမှာဖြစ်ပေမဲ့ တခြားဘယ်အစိုးရပုံစံမျိုးထက်မဆို ပိုကောင်းမွန်တယ် ဆိုတာ မြန်မာတွေက လက်ခံကြတယ်လို့ အမေရိ ကန်ပြည်ထောင်စုက ကောက်ယူတဲ့ စစ်တမ်းတစ်ခု မှာ ဖော်ပြလိုက်ပါတယ်။
Burma Strongly Support Democracy, Express Satisfaction over Country’s Trajectory ခေါင်းစဉ်နဲ့ ဒီမိုကရေစီကို မြန်မာနိုင်ငံ အလွန်အမင်းထောက်ခံ၊ သွားနေတဲ့လမ်းကြောင်းကို အားရကျေနပ်ဆိုတဲ့ စစ်တမ်းကို IRI – International Republican Institute နိုင်ငံတကာ ရီပတ်ဘလင်ကင်အဖွဲ့က ထုတ်ပြန်လိုက် တာပါ။ ဒီ စစ်တမ်း အကြောင်း ဝါရှင်တန်ဒီစီမှာရှိတဲ့ George Washington တက္ကသိုလ် Elliott နိုင်ငံတကာရေးရာကျောင်းက ပါမောက္ခ ဒေါက်တာ Christina Fink က ပြောပြပါတယ်။
ဒီ စစ်တမ်းဟာ မြန်မာနိုင်ငံအရပ်ရပ်က တိုင်းရင်းသားဒေသတွေအပါအဝင် အဓိကအားဖြင့် ကျေးလက်ဒေသက လူ ၃၀၀၀ ကိုကောက်ယူထားတာပါ။ ယေဘုယျအားဖြင့် ဒီမိုကရေစီနဲ့ ပတ်သက်လို့ လက်ရှိအစိုးရပေါ် လူထုရဲ့ သဘောထားအမြင်ကို ကောက်ယူထားတာပါလို့ပြောတာပါ။ မနှစ်က ဒီဇင်ဘာ ၄ ရက်က ဒီနှစ် ဖေဖော်ဝါရီ ၁ ရက်ထိ တိုင်းနဲ့ပြည်နယ် ၁၄ ခုစလုံးက ကျေးလက်ဒေသ ၂၀၈ နေရာနဲ့ မြို့ပြ ဒေသ ၉၂ နေရာက လူ ၃ဝဝဝ ကို စစ်တမ်းကောက်ယူခဲ့တာပါ။ ဒီ စစ်တမ်းထုတ်ပြန်တဲ့နေ့မှာ IRI နဲ့ ဒီမိုကရေထွန်းကားရေး National Endowment for Democray - NED အဖွဲ့တို့ ပူးပေါင်းပြီး မြန်မာ့ဒီမိုကရေစီလမ်းကြောင်း ပုံဖော်ခြင်း ဆွေးနွေးပွဲကိုလည်း ကျင်းပပါတယ်။
ဒီ စစ်တမ်းနဲ့ဆွေးနွေးပွဲ အကြောင်း ဒေါ်စမ်းစမ်းတင်ကတင်ပြထားပါတယ်။