သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-10-08
ဘန်ကောက်မြို့လယ်ခေါင်က ဆီယမ်ပါရာဂွန် ဈေးဝယ်စင်တာမှာ အောက်တိုဘာ ၃ ရက်နေ့က ၁၄ နှစ်အရွယ် သေနတ်သမားလူငယ်ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမား မမိုးမြင့်ရဲ့ ဈာပနကို ဘန်ကောက်မြို့နဲ့ ၁၃ မိုင်ခန့်ဝေးတဲ့ နွန်ထဘူရီမြို့က Wat Phasuk ဘုန်းကြီးကျောင်းမှာ အောက်တိုဘာ ၈ ရက် မနေ့က ပြုလုပ်ခဲ့ပါတယ်။
2023-10-08
လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဆန့်ကျင်ပြောဆိုမှုတွေ လုပ်ခဲ့တဲ့အတွက် ဖမ်းဆီးခံရသူ ၁၃၁၆ ဦး ရှိပါတယ်။
2023-10-08
စစ်ကိုင်းတိုင်းမှာ အောက်တိုဘာလ ၁ ရက်ကစလို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒပြမှုတွေ ပြန်လည်အားကောင်းလာပါတယ်။
2023-10-08
ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။
2023-10-08
ပဲခူးမြို့ပေါ်မှာ မိုးအဆက်မပြတ်ရွာပြီး မြစ်ရေကြီးမှုကြောင့် လူတစ်သောင်းဝန်းကျင် ပြောင်းရွှေ့နေရပါတယ်။
2023-10-07
စစ်ခေါင်ဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ အကောင်အထည်ဖော်မယ့် BRI စီမံကိန်းတွေကို အမြန်ဆုံးအကောင်အထည်ဖော်ပြီး ဒီစီမံကိန်းတွေကနေ ဝင်လာမယ့် ငွေကြေးတွေနဲ့ စီးပွားရေးပြန်တက်အောင် လုပ်ဖို့ကြိုးပမ်းနေပါတယ်လို့ ဆောင်းပါးရှင်က သုံးသပ်ထားပါတယ်။
2023-10-07
မလေးရှားမှာ စက်တင်ဘာလကစပြီး မလေးရှားအာဏာပိုင်တွေက အော်ပရာစီလို့ခေါ်တဲ့ ရှောင်တစ်ခင် ဝင်ရောက်ဖမ်းဆီးစစ်ဆေးတာတွေ များနေပြီး တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအများစု အဖမ်းခံနေရတာပါ။
2023-10-07
ကလေးမြို့နယ် စက္ကန့်ကျေးရွာမှာ အောက်တိုဘာ ၇ ရက်နေ့က နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့နေတဲ့အပြင် ဒေသခံ မြေးအဖွားနှစ်ဦးကိုပါ သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-10-07
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နဲ့ ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေလို့ အောက်တိုဘာ ၇ ရက်နေ့မှာ အရပ်သားတစ်သောင်းခွဲကျော်ထွက်ပြေးနေရပါတယ်။
2023-10-07
ရေတာရှည်မြို့နယ်၊ နဂျပ်ရွာနဲ့ လက်ပံဖြူရွာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၆ ရက်မှာ လေကြောင်းကပစ်ခတ်လို့ အရပ်သားတစ်ထောင်နီးပါး ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
2023-10-07
မြန်မာနိုင်ငံရဲ့ အနည်းဆုံးအခကြေးငွေကို အပိုထောက်ပံကြေး တစ်ထောင်ကျပ် တိုးပေးလိုက်တယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားရေးဝန်ကြီးဌာနက အောက်တိုဘာ ၅ ရက်နေ့က ကြေညာပါတယ်။
2023-10-07
စစ်ကောင်စီတပ်က ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် KNU ထိန်းချုပ်နယ်မြေတွေမှာ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် အောက်တိုဘာ ၁ ရက်မှ ၄ ရက်အထိ အရပ်သားတစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
2023-10-06
ရန်ကုန်မြို့က ရပ်ကွက်တွေထဲမှာ ညစျေးတန်း ပွဲစျေးတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေကို စစ်ကောင်စီ အာဏာပိုင်တွေရဲ့ အစီအစဉ်နဲ့ ဒီရက်ပိုင်း ခပ်စိပ်စိပ်လုပ်လာတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
2023-10-06
ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာပြည်သူလူထုဆန္ဒကို လေးစားလိုက်နာပြီး အမျိုးသမီးနဲ့ မိန်းကလေးတွေကို ချန်လှပ်မထားဘဲ ထိထိရောက်ရောက် ပံ့ပိုးကူညီဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။
2023-10-06
ဒရုန်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီ ဘယ်လောက်စိုးရိမ်နေရသလဲ၊ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ဘက်ကရော ကိုယ့်ရဲ့စွမ်းဆောင်မှုတွေအပေါ် ဘယ်လို သုံးသပ်ရှေ့ဆက်ကြမလဲဆိုတဲ့ အခြေအနေတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။