သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-04-05
မြန်မာအာဏာသိမ်း စစ်ကောင်စီရဲ့ဘဏ္ဍာရေးစီးဆင်းမှုလမ်းကြောင်းတွေကို နိုင်ငံတကာက ပိတ်ဆို့ထိန်းချုပ် ဖို့ဆိုရင် စင်္ကာပူရဲ့ပူးပေါင်းဆောင်ရွက်မှုဟာ အရေးပါလိမ့်မယ်လို့ ဒစ်ပလိုမက်သတင်းက ဖော်ပြပါတယ်။
2022-04-05
တကသ ကျောင်းသားဟောင်းများအင်အားစု ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုနန်းလင်းကတော့ စစ်ကောင်စီဟာ မြန်မာပြည်ရဲ့အခြေအနေ တည်ငြိမ်နေပြီဆိုပြီး နိုင်ငံတကာကို လှည့်စားဖို့အတွက် သင်္ကြန်ကို အသုံးချဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။
2022-04-05
မြန်မာနိုင်ငံကို အလေးထား ဂရုစိုက်သူတွေ အနေနဲ့ နိုင်ငံရဲ့အနာဂတ်ဖြစ်တဲ့ မြန်မာလူငယ်တွေကို ကူညီထောက်ပံ့ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ အလားအလာကောင်းတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးကြဖို့ လိုတယ်လို့ ပညာတော်သင်ဆု ရန်ပုံငွေအဖွဲ့မှာ ပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း မစ္စတာ ဒဲရက်မစ်ချယ်က အခမ်းအနားမှာ ပြောသွားပါတယ်။
2022-04-05
ထောင်ဝင်စာပို့တာနဲ့ ပုံမှန် ထောင်တွင်းတရားရုံးထုတ်တာတွေကိုလည်း ဒီနေ့အထိ ရပ်နားထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
2022-04-05
မန္တလေး သပိတ်အင်အားစုက လူငယ် ကိုးယောက်ဟာ ဧပြီလ ၄ ရက် မနေ့ညနေပိုင်းက မန္တလေးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံလိုက်ရတယ်လို့ မန္တလေးသပိတ် အင်အားစုဝင်တစ်ဦးက ပြောပါတယ်။
2022-04-05
ဖမ်းဆီးခံထားရတဲ့ Channel Mandalay သတင်းထောက်ချုပ် ကိုဝင်းနိုင်ဦးကို စစ်ကောင်စီက ပုဒ်မ ၅၂ (က) နဲ့ စွပ်စွဲပြီး ဒီနေ့ အိုးဘိုထောင် အထူးတရားရုံးကနေ ထောင်ငါးနှစ် ချလိုက်တယ်လို့ အမှုကို လိုက်ပါ ဆောင်ရွက်ပေးတဲ့ ရှေ့နေက RFA ကို ပြောပါတယ်။
2022-04-05
မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ စစ်ကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နဲ့ စားပွဲဝိုင်းမှာ အတူထိုင်ပြီး ဖြေရှင်းနိုင်ရေး အချက်ရှစ်ချက်ပါတဲ့ နိုင်ငံရေးလမ်းပြမြေပုံတစ်ရပ် ရေးဆွဲထားတယ်လို့ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ပြောပါတယ်။
2022-04-05
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲက အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ငါးတင်းကြီးရွာရဲ့ တစ်ဝက်လောက်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာခံတွေလည်း ဘေးလွတ်ရာ တောထဲ တောင်ထဲတွေကို ထွက်ပြေးနေရပါတယ်။
2022-04-05
ရခိုင်ပြည်နယ်မှာ ULA/AA ရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကဏ္ဍနဲ့ ပတ်သက်လို့ စစ်ကောင်စီက နည်းလမ်း ပေါင်းစုံနဲ့ ကန့်ကွက်နှောင့်ယှက်မှုတွေရှိနေပြီး ဒါကို သည်းမခံနိုင်တဲ့ အခြေအနေရောက်လာရင် ထိပ်တိုက်တွေ့ ပြီး တိုက်ပွဲတွေလည်း ဆက်တိုက်ဖြစ်လာနိုင်တယ်လို့ ULA/AA က ဒီနေ့ သတိပေးပြောဆိုလိုက်ပါတယ်။
2022-04-05
တရုတ် နိုင်ငံတော်ကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိရဲ့ ဖိတ်ကြားချက်နဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ တရုတ်နိုင်ငံ အန်းဟွေး ပြည်နယ်၊ ဟွမ်းရှမ်မြို့ကို မတ်လ ၃၁ ရက်နေ့ ကနေ ဧပြီလ ၂ ရက်နေ့အထိ သုံးရက်ကြာ သွားရောက်ခဲ့ပါတယ်။
2022-04-05
ရန်ကုန်တက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံကျောင်းသူ မသဉ္ဇာထက်မိုးဟာ ပုဒ်မ ၅၀၅ (က) နဲ့ ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့က စစ်ကောင်စီကနေ ထောင်သုံးနှစ် ချမှတ်ခံလိုက်ရတယ်လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ဧပြီလ ၄ ရက် မနေ့က ထုတ်ပြန်လိုက်ပါတယ်။
2022-04-05
ညစ်ညမ်းစာပေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ အပါအဝင် လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ နိုင်ငံသား အခွင့်အရေးတွေကို ထိခိုက်စေတာ၊ နိုင်ငံ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ လောင်းကစားနဲ့ မူးယစ်ဆေး စတာတွေကို ပုံနှိပ်ထုတ်ဝေသူတွေက မဖော်ပြရဘူးလို့ စစ်ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။
2022-04-05
ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ ကော်သူးလေနယ်မြေထဲမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တို့ မတ်လ တစ်လအတွင်း နေ့စဉ်တိုက်ပွဲတွေဖြစ်ခဲ့ပြီး တိုက်ပွဲ ပေါင်း ၅၁၀ ဖြစ်ပွားခဲ့တယ်လို့ KNU က ဧပြီ ၅ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
2022-04-05
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း၊ NUG နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးနဲ့ အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေပြီး အမေရိကန်အစိုးရရဲ့ အကြံပေးပုဂ္ဂိုလ်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အမျိုးသားလုံခြုံရေးကောင်စီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။
2022-04-04
ဝမ်ယိရဲ့ ထောက်ခံစကားဟာလည်း မြန်မာကိစ္စမှာ နောက်ဆုံးတော့ အာဏာသိမ်းစစ်တပ်ကပဲ အနိုင်ရမှာဖြစ်ပြီး ပြင်ပအကူအညီဆိုတာကလည်း ရေရှည်ရရှိနိုင်တာ မဟုတ်ကြောင်း၊ နိုင်ငံတည်ငြိမ်ပြီး အဓိကစီးပွားရေးနဲ့ မဟာဗျူဟာ အကျိုးစီးပွားတွေ ဖွံ့ဖြိုးဖို့ လိုကြောင်း အရိပ်အမြွက်သတိပေးလိုက်တဲ့ လက္ခဏာလည်းဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါ တယ်။