သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-11-04
ဘင်္ဂလားဒေ့ရ်ှနဲ့ မြန်မာနယ်စပ်မှာရှိတဲ့ ရခိုင်ပြည်နယ်အတွင်းက ဘူးသီးတောင် နဲ့ မောင်တောဒေသတွေမှာ လုံခြုံရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ၊ အုပ်ချုပ်ရေးတွေကို ပိုကောင်းအောင် အမြန်ဆုံးအကောင် အထည်ဖော် ဆောင်ရွက်ပေးဖို့ ရသေ့တောင် မဲဆန္ဒ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက တင်ပြရာမှာ ပြည်သူ့လွှတ်တော်က အဆိုကို မှတ်တမ်းတင် ထားခဲ့ပါတယ်။
2013-11-04
ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်မယ်ဆိုရင် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် တည်ဆောက်ဖို့ လိုအပ်ကြောင်း ဒီနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မှာ ကျင်းပနေတဲ့ ဆွေးနွေးပွဲမှာ တင်ပြခဲ့တယ်လို့ သိရပါတယ်။
2013-11-04
ရခိုင်ပြည်နယ်အတွင်းမှာ အခြေစိုက်တဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ အပါအဝင် နိုင်ငံတကာ လူမှုကူညီရေး အဖွဲ့အစည်းတွေကို ရခိုင်ပြည်နယ် အစိုးရက ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ ဒီနေ့မနက်ပိုင်း က ခေါ်ယူတွေ့ဆုံပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ရာမှာ နှစ်ဘက် မျှမျှတတ လုပ်ကိုင်ဆောင်ရွက်ဖို့ ဆွေးနွေးပြောကြား လိုက်တယ်လို့ သိရပါတယ်။
2013-11-04
ကိုယ့်နိုင်ငံကိုယ် ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းအားထုတ်နေကြတဲ့ မြန်မာပြည် သူတွေကို အားပေးကူညီထောက်ပံ့သွား မှာဖြစ်ပြီး၊ မြန်မာလူထုရဲ့ ဘယ်လို အနာဂတ်မျှော်မှန်းချက်ကို မဆို လေးစားရမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mikio Numata က ပြောပါတယ်။
2013-11-04
မွတ်စလင်ဒုက္ခသည် ၇၀ နီးပါး တင်ဆောင်ပြီး ရခိုင်ပြည်နယ်ကနေ မလေးရှားနိုင်ငံဘက်ကို ထွက်ခွာလာခဲ့တဲ့ စက်လှေတစ်စီး မြန်မာ့ကမ်းရိုးတန်းမှာ တနင်္ဂနွေနေ့က တိမ်းမှောက်နစ်မြှပ်သွားခဲ့ရာမှာ ၆ ယောက်ကိုသာ ကယ်ဆယ်နိုင်ခဲ့ပြီး၊ လှေပေါ်ပါသူ အတော်များများပျောက် ဆုံးနေပါတယ်။
2013-11-04
တရုတ် မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတစ်ခုကို နှစ်နိုင်ငံပူးတွဲ ရိုက်ကူးနေပြီး၊ လာမယ့် ၂၀၁၄ ခုနှစ်မှာ ပြသမယ်လို့ နယူယောက်တိုင်း သတင်းစာက ဖေါ်ပြပါတယ်။
2013-11-03
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျန်းမာရေးကွန်ရက်ဟာ ကရင်ပြည်နယ်၊ ဘားအံမြို့က ဒေသခံနှစ်ထောင်လောက်ကို ဒီနေ့ ဆေးဝါးကုသပေးခဲ့ပြီး အများစုက ကျန်းမာရေးစရိတ် မတတ်နိုင်လို့ လာရောက်ကုသကြတဲ့သူတွေများတယ်လို့ ကွန်ရက်တာဝန်ရှိသူတွေက ပြောပါတယ်။
2013-11-03
ကချင်ပြည်နယ်နဲ့ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးအတွက် မြစ်ကြီးနားမြို့မှာ သံဃာအပါးတစ်ရာကျော်ဟာ ဒီနေ့ မနက် ၄ နာရီက ဝန်းသိုကျောင်းတိုက်မှာ မေတ္တာပို့ဆုတောင်းပွဲ တစ်ရပ် ကျင်းပခဲ့ကြပါတယ်။
2013-11-03
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းဥယျဉ် မဂျွယ်ခန်းမမှာ မနက်ဖြန်ကျင်းပမယ့် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး နဲ့ ပတ်သက်တဲ့ဆွေးနွေးပွဲကို တက်ရောက်ဖို့ အစိုးရနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေဟာ မြစ်ကြီးနားမြို့ကို ဒီနေ့ရောက်ရှိသွားပါတယ်။
2013-11-03
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဦးဆောင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်မလား၊ အသစ်ရေးဆွဲ မလားဆိုတာနဲ့ ပတ်သက်ပြီး၊ ရခိုင်ပြည်နယ် သံတွဲမြို့မှာ ခရိုင်အဆင့် လူထုဆန္ဒသဘောထားကို ဒီနေ့ကောက်ယူ ခဲ့ရာမှာ အားလုံးက ပြန်လည်ပြင်ဆင်ရေးကိုသာ ထောက်ခံ ခဲ့ကြတယ်လို့ သိရပါတယ်။
2013-11-03
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာမှာ မနေ့က ဂုံးကောက်သူ ရခိုင်အမျိုးသမီးတချို့ကို မွတ်စလင်အမျိုးသား သုံးဦး က ဓားတွေနဲ့ ဝင်ခုတ်ခဲ့လို့ ဆင်အိုင်ကျေးရွာသူ အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ပြောကြားပါတယ်။
2013-11-03
တိုင်းတပါးမှာ ပညာသင်ကြားနေစဉ် ကာလမှာ မိမိရောက်ရှိရာနိုင်ငံက အတွေ့အကြုံဗဟုသုတတွေကို နိုင်ငံပြန်လည် တည်ဆောက်ရေးမှာ အသုံးချနိုင်အောင် ဆောင်ကျဉ်းလာဖို့ လိုတယ်လို့ မြန်မာစာသင်သားတွေကို ပညာသင်ဆုထောက် ပံ့ပေးနေတဲ့ အဖွဲ့အစည်းများညီလာခံက ပြောကြားလိုက် ပါတယ်။
2013-11-03
ဒီအပတ် တနင်္ဂနွေစကားဝိုင်းမှာ လိုင်ဇာဆွေးနွေးပွဲအကြောင်း ကရင်နဲ့ ကချင်ခေါင်းဆောင် နှစ်ဦး ပါဝင်ဆွေးနွေးထားပါတယ်။ ဦးခင်မောင်စိုးက ဆက်လက် တင်ပြပါလိမ့်မယ်။
2013-11-02
ကေအိုင်အေ ဌာနချုပ်လိုင်ဇာ မှာ လေးရက်ကြာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲကနေ အပစ်အခတ်ရပ်စဲရေးအတွက် သဘောထားရပ်တည် ချက်တွေကို ချမှတ်လိုက်ပါတယ်။
2013-11-02
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD ကျန်းမာရေးကွန်ရက်က အထူးကု ဆရာဝန်တွေအပါအဝင် ကျန်းမာရေး ဝန်ထမ်း လေးဆယ်ကျော်ပါဝင်တဲ့အဖွဲ့ဟာ ကရင်ပြည်နယ်၊ ဘားအံမြို့မှာရှိတဲ့ ဒေသခံတွေကို ဆေးဝါးကုသပေးဖို့ ဒီနေ့ညနေပိုင်းမှာ ရန်ကုန်ကထွက်ခွာပါတယ်။