ပြည်ထောင်စုတပ် ဖွဲ့စည်းရေး တိုင်းရင်းသားအဖွဲ့များ တင်ပြ


2013.11.04
govt-ethnic-peace-talk-305.jpg အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များရဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ နိုဝင်ဘာလ ၄ ရက်နေ့က စတင်ကျင်းပနေစဉ်
photo: RFA/ Kyaw Myo Min

ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်မယ်ဆိုရင် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် တည်ဆောက်ဖို့ လိုအပ်ကြောင်း ဒီနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျင်းပနေတဲ့ ဆွေးနွေးပွဲမှာ တင်ပြခဲ့တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့နဲ့ အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီတို့ ဒီနေ့ ဆွေးနွေးပွဲ ပထမနေ့ကျင်းပစဉ် တိုင်းရင်းသားတွေ ဘက်က တင်ပြခဲ့တာပါ။

ဒီနိုဝင်ဘာလအတွင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ မဖြစ်နိုင်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ကို ကိုယ်စားပြုဆွေးနွေးခဲ့တဲ့ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။

ဒီနေ့ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးကလည်း နိုဝင်ဘာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ မဖြစ်နိုင်သေးဘူးလို့ ပြောလိုက်သလို ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် တည်ထောင်ရေးဆိုတာ တောင်းဆိုလို့မရဘူးလို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

မနက်ဖြန်ဆွေးနွေးပွဲမှာတော့ အစိုးရဖက်ကတင်ပြမယ့်အချက်တွေကို ဆက်လက်ဆွေးနွေးမယ်လို့ သိရပါတယ်။

ဦးနိုင်ဟံသာကို  ကိုဝင်းနိုင်ရဲ့ဆက်သွယ်မေးမြန်းချက် နားဆင်နိုင်ပါတယ်။

ဦးလှမောင်ရွှေ ကို မခင်ခင်အိ ရဲ့ ဆက်သွယ်မေးမြန်းချက် နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။