NLD ကျန်းမာရေးကွန်ရက် ဘားအံမှာ အခမဲ့ဆေးဝါးကုသမည်
2013.11.02
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD ကျန်းမာရေးကွန်ရက်က အထူးကု ဆရာဝန်တွေအပါအဝင် ကျန်းမာရေး ဝန်ထမ်း လေးဆယ်ကျော်ပါဝင်တဲ့အဖွဲ့ဟာ ကရင်ပြည်နယ်၊ ဘားအံမြို့မှာရှိတဲ့ ဒေသခံတွေကို ဆေးဝါးကုသပေးဖို့ ဒီနေ့ညနေပိုင်းမှာ ရန်ကုန်ကထွက်ခွာပါတယ်။
အဲဒီအဖွဲ့က ကရင်ပြည်နယ်မှာ ဆေးဝါးသွားရောက်ကုသပေးတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး မနက်ဖြန်မှာ ဘားအံမြို့၊ မင်္ဂလာခန်းမမှာ ကုသပေးမယ်လို့ သိရပါတယ်။
ခွဲစိတ်ဖို့လိုအပ်တဲ့ လူနာတွေကအစ ကုသပေးသွားမှာဖြစ်တယ်လို့ NLD ကျန်းမာရေးကွန်ရက် ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းကပြောပါတယ်။
NLD ကျန်းမာရေးကွန်ရက်က အဲဒီလိုနယ်လှည့်ပြီး ဆေးဝါးလိုက်လံကုသပေးနေတာဟာ ရန်ကုန်တိုင်းအတွင်းမှာ ၆ ခေါက်၊ ဧရာဝတီတိုင်းမှာ သုံးခေါက်၊ ပဲခူးတိုင်းမှာငါးခေါက်နဲ့ မွန်ပြည်နယ်မှာ နှစ်ခါက်စီနဲ့ လူနာပေါင်း လေးသောင်းဝန်းကျင်ကို ကုသပေးခဲတယ်လို့ သိရပါတယ်။
လာမယ့်၂၀၁၄ခုနှစ် နှစ်ဆန်းပိုင်းမှာလည်း တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တွေမှာ သွားရောက်ကုသပေးသွားမယ်လို့ သိရပါတယ်။