သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-07-28
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကျော်မင်းယု ခေါ် ဦးဂျင်မီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားဟောင်း ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော်တို့ လေးဦးကို၊ အာဏာသိမ်းစစ်ကောင်စီက ကွပ်မျက်လိုက်တာဟာ၊ ရက်စက်ကြမ်းကြုတ်လွန်းပြီး၊ လူမဆန်တဲ့ ရာဇဝတ်မှုကြီးကို ကျူးလွန်တာဖြစ်တဲ့အတွက် ပအိုဝ်း အမျိုးသား ဖက်ဒရယ်ကောင်စီ ( PNFR ) က ပြင်းပြင်ထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2022-07-28
ဦးကျော်မင်းယု ခေါ် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ လေးဦး အသက်ပေးလိုက်ရမှုကို အင်အားအဖြစ်ရယူလို့ စစ်အုပ်စုကိုချေမှုန်းပြီး နွေဦးတော်လှန်ရေးကို အဆုံးသတ်ကြဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလရဲ့ ဇူလိုင်လ ၂၈ ရက်နေ့ညမှာ ထုတ်လွှင့်တဲ့ အရေးပေါ် နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ တိုက်တွန်းလိုက်ပါတယ်။
2022-07-28
သူနဲ့အတူ MA-1 ချေမှုန်းရေးရိုင်ဖယ်တစ်လက်နဲ့ ကျည်ဆန် ၁ဝ၃ တောင့်ကိုလည်း ယူဆောင်လာခဲ့ပါတယ်။ နွေးထွေးစွာကြိုဆိုမှုကြောင့် တော်လှန်ရေးသမားတွေ လက်ထဲမှာ သူအခုပျော်နေပါပြီလို့ တပ်သားရာဇာမြင့်နိုင် က ဗီဒီယိုကတစ်ဆင့် RFA ကို ပြောကြားလိုက်ပါတယ်။
2022-07-28
စစ်ရဟတ်ယာဉ် နှစ်စင်းမှာ တစ်စင်းက ရွာတွေကို ပစ်ခတ်ခဲ့ပြီး တစ်စင်းက လက်နက်ကြီးထုတ်လုပ်ရေး စခန်းတစ်ခုဖြစ်တဲ့ ကျောက်ဖျာကြီး PDF စခန်းကို ပစ်ခတ်ခဲ့တာကြောင့် စခန်းပျက်စီးသွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
2022-07-28
နေအိမ်တွေက အိမ်သုံးပရိဘောဂတွေ၊ နေအိမ်အသုံးအဆောင်ပစ္စည်းတွေ၊ မီတာဘောက်တွေကို ရိုက်ခွဲဖျက်ဆီးသွားပြီး တန်ဖိုးကြီးပစ္စည်းတွေကို ယူဆောင်သွားတယ်လို့လည်း ပြောပါတယ်။
2022-07-28
စစ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချပြီး နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေး၊ လူသားချင်းစာနာရေးနဲ့ လူ့အခွင့်အရေးအခြေအနေအရပ်ရပ်ကို အထူးစိုးရိမ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။
2022-07-28
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်းမှာ ဇူလိုင်လ ၁၈ ရက်နေ့က ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်က ကားလမ်းတွေကို ပိတ်ထားပြီး စစ်ဆေးဖမ်းဆီးမှုတွေ လုပ်လာတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ အစားအသောက် သယ်ယူရေးကအစ အခက်အခဲဖြစ်နေပါတယ်။
2022-07-28
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဇူလိုင် ၂၀ ရက်ကနေ ၂၇ ရက်နေ့အထိ တစ်ပတ်အတွင်း စစ်ကောင်စီတပ်တွေရဲ့ နယ်မြေရှင်းလင်းမှုကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ကျေးရွာ ၁၇ ရွာက ဒေသခံ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ RFA ကို ပြောပါတယ်။
2022-07-28
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မလေးခုနဲ့ ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခံထားခဲ့ရတဲ့ NLD အစိုးရ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ဟာ ဇူလိုင်လ ၂၈ ရက် ဒီနေ့မှာ တောင်လေးလုံးအကျဉ်းထောင် တရားရုံးမှာ ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှု ရာဇသတ်ကြီးဥပဒေပုဒ် - ၁၃၀ (က) နဲ့ စွဲချက်တင်ခံလိုက် ရတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။
2022-07-28
မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ ပြည်နယ် ၁၄ ခုမှာ စစ်ကိုင်းတိုင်းဟာ အကြီးဆုံးတိုင်းဖြစ်ပြီး ခရိုင် ၁၁ ခု၊ မြို့နယ်နဲ့ မြို့နယ်ခွဲပေါင်း ၃၆ ခုနဲ့ မြို့ပေါင်း ၅၀ အောက်မှာ ကျေးရွာပေါင်း ၆၀၀၀ နီးပါး ပါဝင်ပါတယ်။ လူဦးရေ ငါးသန်းကျော် နေထိုင်ပါတယ်။
2022-07-28
ရန်ကုန်မြို့မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီက လုံခြုံရေးတွေ ပိုမို တင်းကျပ်လာပြီး စစ်တပ်နဲ့ ရဲတွေဟာ စစ်ကားတွေနဲ့ နေ့ရေ ာညပါ အချိန်ပြည့်နီးပါး ကင်းလှည့်တာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါ တယ်။
2022-07-28
ဒီမိုကရေစီရေးလှုပ်ရှားသူ လေးဦးကို သေဒဏ်ပေးကွပ်မျက်လိုက်တဲ့အပေါ် တရုတ်နဲ့ရုရှာ အပါအဝင် လုံခြုံရေးအဖွဲ့ဝင် ၁၅ နိုင်ငံက ကန့်ကွက်မယ့်သူမရှိ တညီတညွတ်တည်း ပြစ်တင်ရှုတ်ချလိုက်တယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာမှာ ပြီးခဲ့တဲ့နာရီပိုင်းက ဖော်ပြလိုက်ပါတယ်။
2022-07-27
ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို သေဒဏ်ချမှတ် စီရင်ခဲ့တဲ့ မြန်မာစစ်ကောင်စီကို ထိုင်းရောက်မြန်မာနိုင်ငံသား ရာနဲ့ချီပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ မြန်မာသံရုံးရှေ့မှာ မနေ့က စုဝေးဆန္ဒပြခဲ့ကြပါတယ်။ တစ်ရက်တည်းမှာပဲ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒီ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တို့ကလည်း ဒီစီရင်မှုနဲ့ပတ်သက်ပြီး ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
2022-07-27
အမျိုးသားညီညွတ်ရေးအစိုးရ ပြန်ကြားရေးအရာရှိ ဦးနေဘုန်းလတ်က မတရားကွပ်မျက်ခံရလို့ ပူဆွေးနေရတဲ့ မိသားစုတွေကို အခုလိုလာရောက် ဆူပူရမ်းကားမှုဟာ စက်ဆုပ်ရွံရှာဖွယ်ဖြစ်တယ် ဒီကိစ္စအတွက် စစ်ကောင်စီမှာ အဓိက တာဝန်ရှိတယ်လို့ RFA ကို ပြောပါတယ်။
2022-07-27
မြန်မာနိုင်ငံအတွင်းမှာ ရှိနေဆဲဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေအနေနဲ့လည်း အဖြစ်မနေလုပ်ရမယ့်ကိစ္စတွေကြောင့်ကလွဲလို့ အပြင်မထွက်ကြဖို့နဲ့ ဘေးလွတ်ရာရွှေ့ပြောင်းနိုင်အောင် အဆင်သင့်ပြင်ထားကြဖို့လည်း ကြေညာချက်မှာ ထည့်သွင်းထားပါတယ်။