မြန်မာနိုင်ငံက ဖိလစ်ပိုင်နိုင်ငံသားတွေအတွက် လုံခြုံရေးစိုးရိမ်ရမှုအခြေအနေ အမြင့်ဆုံးရှိနေဆဲ

2022.07.27
မြန်မာနိုင်ငံက ဖိလစ်ပိုင်နိုင်ငံသားတွေအတွက် လုံခြုံရေးစိုးရိမ်ရမှုအခြေအနေ အမြင့်ဆုံးရှိနေဆဲ ၂ဝ၂ဝ ပြည့်နှစ် မေလက နေရပ်ပြန်မည့် ဖိလစ်ပိုင်နိုင်ငံသားများအား ကူညီပေးနေကြသော ဖိလစ်ပိုင်သံရုံးဝန်ထမ်းများ။
Photo: Embassy of the Philippine, Yangon Myanmar

မြန်မာနိုင်ငံတွင်းမှာ လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေအတွက် လုံခြုံရေးစိုးရိမ်ရမှု အခြေအနေဟာ အမြင့်ဆုံးအဆင့် ၄ မှာပဲ ဆက်လက်ရှိနေကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနက ဇူလိုင်လ ၂၇ ရက် မနေ့က ထုတ်ပြန်ပါတယ်။

လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်လိုတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေက သတိပေးအဆင့် လျှော့ချချင်တာကို နားလည်ပေမယ့် လုံခြုံရေးက ပိုပြီးအရေးကြီးပါတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ရှိနေဆဲဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေအနေနဲ့လည်း အဖြစ်မနေလုပ်ရမယ့်ကိစ္စတွေကြောင့်ကလွဲလို့ အပြင်မထွက်ကြဖို့နဲ့ ဘေးလွတ်ရာရွှေ့ပြောင်းနိုင်အောင် အဆင်သင့်ပြင်ထားကြဖို့လည်း ကြေညာချက်မှာ ထည့်သွင်းထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ဖိလစ်ပိုင်ရွှေ့ပြောင်းအလုပ်သမား ၇၀၁ ဦးကို နေရပ်တိုင်းပြည်ကို ပြန်ပို့ခဲ့ပါတယ်။ အဲဒီအရေအတွက်ဟာ မြန်မာနိုင်ငံရောက် ဖိလစ်ပိုင်နိုင်ငံသားတွေရဲ့ ၇၀ ရာခိုင်နှုန်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။