သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-05-29
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တာဟန်းရပ်ကွက်ထဲကို မေလ ၂၈ ရက် မနေ့ညက လက်နက်ကြီးကျည် နေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့လို့ သုံးဦးသေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ကလေးမြို့ ဒေသခံတွေက ပြောပါတယ်။
2022-05-29
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်က အရက်ဆိုင်တစ်ခုမှာ မေလ ၂၈ ရက် မနေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် လူနှစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-05-28
မိဘရဲ့ အမွေပြတ်စွန့်လွှတ်မှုကို ခံလိုက်ရတာကြောင့် နွေဦးတော်လှန်ရေးအောင်ခဲ့ရင်တောင် ပြန်စရာ အိမ်မရှိတော့တဲ့ အသက် ၂၁ နှစ်အရွယ် ကရင်တိုင်းရင်းသူ မနန်းချောစုခင်ဟာ ထောက်ပို့တပ်သား တစ်ဦးအနေနဲ့ တော်လှန်ရေးမှာ ပါဝင်နေပါတယ်။
2022-05-28
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ပွဲတွေကြားမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကရင်နီ (ကယား) ပြည်နယ်ထဲက စစ်ဘေးဒုက္ခသည်စခန်းတချို့မှာ မိုးတွင်းကာလရောက်လာပြီမို့ ဝမ်းပျက်ဝမ်းလျောရောဂါ ကြုံတွေ့နေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင် ရွက်နေသူတွေက ပြောပါတယ်။
2022-05-28
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လည်ငေါက်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မေလ ၂၇ ရက် မနေ့ညကစပြီး ဒီကနေ့အထိ အိမ်တွေမီးရှို့နေလို့ ရွာသားတွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-05-28
စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအတွင်းမှာ စစ်ကောင်စီကို ဆန့်ကျင်လှုပ်ရှားသူတွေရဲ့ နေအိမ်၊ အဆောက်အအုံ စုစုပေါင်း ၅၈၆ လုံးထက်မနည်းကို စစ်ကောင်စီက ချိပ်ပိတ်ကာ သိမ်းဆည်းခဲ့တယ်လို့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က မေလ ၂၇ ရက် မနေ့က ထုတ်ပြန်ပါတယ်။
2022-05-27
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အစိုးရဝန်ထမ်းတွေရဲ့ CDM အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုကြောင့် အထိနာခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီက မြန်မာလူထုအနေနဲ့ သူတို့အာဏာသိမ်းတာကို လက်ခံအသိအမှတ်ပြုပြီး မြန်မာနိုင်ငံဟာ သူတို့အုပ်ချုပ်မှု လက်အောက်မှာ ပုံမှန်ပြန်ဖြစ်နေပြီဆိုတာကို ပြသချင်တဲ့အတွက် ကျောင်းဆရာ ဆရာမတွေကို စာသင်ခန်းတွေပြန်လာဖို့ ဖိတ်ခေါ်နေတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။
2022-05-27
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ထန်းတောရွာကို ဟုမ္မလင်းမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၃၆၉ ခြေမြန်တပ်ရင်းက မေလ ၂၇ ရက်နေ့က မီးရှို့သွားခဲ့ပါတယ်။ ထန်းတောရွာသား ကိုအောင်သူက စစ်ကောင်စီတပ်ဟာ ရွာမှာညအိပ်ရပ်နားပြီး နောက်တနေ့မနက်မှာ အိမ်တွေနဲ့ ဘုန်းတော်ကြီးကျောင်းက ကျောင်းဆောင်တွေကို မီးရှို့တယ်လို့ RFA ကိုပြောပါတယ်။
2022-05-27
ကုလသမဂ္ဂရဲ့ စာရင်းတွေအရ ရိုဟင်ဂျာ ဒုက္ခသည် ကိုးသိန်း နှစ်သောင်းလောက်ဟာ ဒီငါးနှစ်တာကာလအတွင်းမှာ ခြံစည်းရိုးခတ်ထားတဲ့ ဒုက္ခသည် စခန်းတွေ အတွင်းမှာပဲ နေကြရပြီး၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူသားချင်း စာနာမှု အဖွဲ့တွေ ပေးတဲ့ အကူအညီတွေနဲ့ပဲ အသက်ရှင်နေထိုင်ကြရတာပါ။
2022-05-27
ကရင်အမျိုးသားအစည်းအရုံး KNU ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်ကော်မတီဝင်တွေ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သုံးကြိမ်မြောက်အဖြစ် မနေ့ကတွေ့ဆုံပါတယ်။
2022-05-27
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုတဲ့ ခရီးစဉ်မဖြစ်ဖို့ လိုတယ်လို့ NUG ရဲ့ အာဆီယံနိုင်ငံများဆိုင်ရာ သံအမတ်ကြီး ဦးဘိုလှတင့် က ပြောဆိုခဲ့ပါတယ်။
2022-05-27
မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ မေလ ၂၆ ရက် မနေ့က ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်က ရဟတ်ယာဉ်သုံး တိုက်ခိုက်တာကြောင့် မြစ်သာဆည်ဘေးမှာ ရှိတဲ့ စံပယ်၊ စင်ပုံ၊ ယင်းမာ၊ ပနန်း စတဲ့ ကျေးရွာလေးရွာက ဒေသခံ ၁၅၀၀ ကျော် အိုးအိမ် စွန့်ခွာထွက်ပြေးနေကြရပါတယ်။
2022-05-27
ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ရဲတိုက်ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ-၁၆ (ဂ) /၂၃ နဲ့ မေလ ၂၇ ရက် ဒီနေ့မှာ ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။
2022-05-27
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပေါက်စန်းမြို့ လုံးရန် ဘိန်းဖြတ်စခန်းမှာ မြန်မာနိုင်ငံသား တစ်ထောင်ဝန်းကျင် ထိန်းသိမ်းခံထားရပြီး အဲဒီထဲက ရခိုင်ဒေသခံ ၁၄ ဦးကတော့ မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ လုံးရန် ဘိန်းဖြတ်စခန်းကနေ ပြန်လည်လွတ်မြောက်လာသူအချို့က RFA ကို ဒီနေ့ ပြောပါတယ်။
2022-05-27
စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် ဇန်နဝါရီလ ၁ ရက်နေ့ကနေ မေလ ၂၄ ရက်နေ့အထိ ရွာပေါင်း ၁၇ ရွာ က အိမ်ခြေပေါင်း ၅၁၆ လုံးဟာ မီးရှို့ဖျက်ဆီးခံခဲ့ရ တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့က မေလ ၂၇ ရက်နေ့ ဒီနေ့ပြောပါတယ်။