လက်ရှိကာလ ဘယ်လို ပညာသင်ကြမှာလဲ

2022.05.27

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အစိုးရဝန်ထမ်းတွေရဲ့ CDM အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုကြောင့် အထိနာခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီက မြန်မာလူထုအနေနဲ့ သူတို့အာဏာသိမ်းတာကို လက်ခံအသိအမှတ်ပြုပြီး မြန်မာနိုင်ငံဟာ သူတို့အုပ်ချုပ်မှု လက်အောက်မှာ ပုံမှန်ပြန်ဖြစ်နေပြီဆိုတာကို ပြသချင်တဲ့အတွက် ကျောင်းဆရာ ဆရာမတွေကို စာသင်ခန်းတွေပြန်လာဖို့ ဖိတ်ခေါ်နေတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

တချို့သူတွေက ကျောင်းသားတွေ ကျောင်းပြန်တက်သင့်တယ်ဆိုတဲ့ အယူအဆကို တင်ပြဖို့ ကြိုးစားနေချိန်မှာ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကလည်း စစ်တပ်ကို အရှုံးမပေးဘဲ ခေတ်မီပညာရပ်တွေကို တိုးတက်တဲ့ နည်းပညာအကူအညီနဲ့ လေ့လာ သင်ကြားကြဖို့ နှိုးဆော်နေကြပါတယ်။ လူငယ်တွေ ပညာသင်ဖို့ အရေးကြီးတယ်ဆိုတဲ့ အချက်ကိုတော့ ငြင်းဆန်သူ တစ်ဦးတစ်ယောက်မှ မရှိပါဘူး။

ပါဝင် ဆွေးနွေးမယ့်သူတွေကတော့ NUG အစိုးရ ဒုတိယ ဝန်ကြီး ပညာရေးဝန်ကြီးဌာနက ဒေါက်တာ စိုင်းခိုင်မျိုးထွန်း၊ မြန်မာ့နိုင်ငံရေးလေ့လာသူ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာ တင့်ဆွေနဲ့ တကသ ကျောင်းသားဟောင်းများအင်အားစုက ကိုနန်းလင်း တို့ပဲ ဖြစ်ပါတယ်။

လက်ရှိ မြန်မာပြည်ရဲ့ ပညာရေးအခြေအနေနဲ့ ပတ်သက်ပြီး စောင့်ကြည့်လေ့လာနေသူ တချို့ရဲ့ သဘောထားတွေကို ဒီအပတ် RFA စကားဝိုင်းမှာ ဦးခင်မောင်စိုးက တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။