သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-01-09
တရားဝင် နိုင်ငံရေးပါတီ အဖြစ် ပြန်လည် မှတ်ပုံတင်ခွင့် ရပြီးနောက် NLD ပါတီ ရွှေဂုံတိုင် ဌာနချုပ်မှာ ဒီကနေ့ ပါတီဆိုင်းဘုတ်တင်ပွဲ ကျင်းပခဲ့ပါတယ်။
2012-01-09
ထားဝယ် ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို ရပ်ဆိုင်းလိုက်တယ်လို့ အမှတ် (၂) လျှပ်စစ်စွမ်းအား ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက ရန်ကုန် အလုံမြို့နယ် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနရုံးမှာ ဒီနေ့မနက်ပိုင်းက လုပ်တဲ့ မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောလိုက်ကြောင်း တက်ရောက်တဲ့ စာနယ်ဇင်းသမားတွေက ဆိုပါတယ်။
2012-01-09
လက်ရှိ ပြောင်းလဲ တိုးတက်လာတဲ့ အခြေအနေတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ မြန်မာ အပေါ် ပိတ်ဆို့ အရေးယူထားတဲ့ အချက်တချို့ကို ပြန်စဉ်းစားမယ်လို့ သြစတြေးလျ အစိုးရက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2012-01-09
ဒေါ်အောင်ဆန်းစုကြည်သာ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာမယ်ဆိုရင် သူ့ကို အစိုးရ အဖွဲ့ထဲမှာ သင့်တော်တဲ့ တာဝန် တစ်ခုခု ပေးနိုင်ဖွယ်ရာ ရှိတယ်လို့ သမ္မတရဲ့ နိုင်ငံရေး အကြံပေး အဖွဲ့ဝင် ဒေါက်တာ နေဇင်လတ် က မနေ့က ပြောဆိုလိုက်တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေက ရေးသား ဖေါ်ပြကြပါတယ်။
2012-01-08
မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ ကျောင်းသားလူငယ်အဖွဲ့တွေ စုပေါင်းပြီး နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါတယ်။
2012-01-08
ဇန်နဝါရီလ ၄ ရက်နေ့က ကျင်းပခဲ့တဲ့ “လွတ်လပ်ခြင်း အနုပညာ” ရုပ်ရှင် ပွဲတော်မှာ “ကြိုး” ဇာတ်ကားဟာ အကောင်းဆုံးရုပ်ရှင် ဇာတ်လမ်းတိုဆု ဆွတ်ခူးသွား ပါတယ်။
2012-01-08
အခုတပတ် ဦးခင်မောင်စိုး စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ လက်ရှိ မြန်မာပြည်ရဲ့ တရားရေးမဏ္ဍိုင်နဲ့ ပတ်သက်ပြီး ဆွေးနွေးထားကြပါတယ်။
2012-01-08
သမ္မတဦးသိန်းစိန် အစိုးရကို ဖိအားပေး ပြောဆိုဖို့ အချက် ၃ ချက်ပါ အိပ်ဖွင့် ပေးစာတစ်စောင်ကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ခေါင်းဆောင်တွေက ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် မစ္စတာဘန်ကီးမွန်းထံ ပေးပို့လိုက်ပါတယ်။
2012-01-08
ကြားဖြတ်ရွေးကောက်ပွဲအတွက် မန္တလေးတိုင်းမှာ နေပြည်တော် ၄ မြို့နယ် အပါအဝင် လစ်လပ် နေရာ ၁ဝ နေရာရှိပြီး နေရာအားလုံးမှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။
2012-01-07
ဇန်နဝါရီလ ၄ ရက်နေ့က မြန်မာ အစိုးရတပ်က ရဟတ်ယာဉ်တစီးဟာ KIA ကချင်လွတ်မြောက်ရေးတပ်က ပစ်ခတ်တဲ့ကျည် ထိသွားတယ် လို့ KIO က ပြောပါတယ်။
2012-01-07
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီးတဲ့နောက် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အသစ် ဖွဲ့စည်းတဲ့အခါ အရင်ကလို ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ မထားရှိတော့ဘဲ ပုံသဏ္ဍာန်တမျိုးနဲ့ ဖွဲ့စည်းမယ်လို့ ပါတီခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးတင်ဦးက ပြောကြားပါတယ်။
2012-01-07
မြန်မာနိုင်ငံကို ခေတ္တရောက်နေတဲ့ ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးရေးဝန်ကြီး Mr. Christian Friis Bach က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲမှာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကိစ္စတွေအပြင် နိုင်ငံရေးအကျဉ်းသား ကိစ္စနဲ့ တိုင်းရင်းသားအရေးတွေ ဆွေးနွေးခဲ့တယ်လို့ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
2012-01-07
ဗားဆလတ် ဟာဘဲ Vaclav Harvel ဟာ သက်ရှိထင်ရှား မရှိတော့ပေမယ့် လည်း မြန်မာပြည်သူတွေအတွက် အားအင်တွေ ဆက်လက် ပေးနေဆဲပါ လို့ မနေ့က ဝါရှင်တန်ဒီစီ မြို့တော်မှာကျင်းပတဲ့ “ဗားဆလတ် ဟာဘဲ အောက်မေ့ဖွယ်အခမ်းအနား” မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
2012-01-06
ဒီကနေ့ စစ်တွေ တက္ကသိုလ်မှာ မြို့ထဲကနေ ကျောင်းကို ပြေးဆွဲတဲ့ ဆိုင်ကယ်တက္ကစီ ဈေးနှုန်းတွေ တက်သွားတာကြောင့် ထောင်နဲ့ချီတဲ့ ကျောင်းသားတွေ ကျောင်းဝင်းအတွင်း ဒီကနေ့ ဆန္ဒပြခဲ့ကြတယ်လို့ စစ်တွေ တက္ကသိုလ် ကျောင်းသားတွေက ပြောပါတယ်။
2012-01-06
နှစ်ရှည်ထောင်ဒဏ်တွေ ကျခံနေကြရတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ခေါင်းဆောင် ဦးခွန်ထွန်းဦး အပါအဝင် မြင်းခြံထောင်က စိုင်းမျိုးဝင်းထွန်း၊ ဘူးသီးတောင်ထောင်က ဦးထွန်းညိုတို့ ကျန်းမာရေး ချွတ်ယွင်းနေပြီး စိုးရိမ်ရတဲ့ အခြေအနေ ရောက်နေပါတယ်။