စစ်တွေတက္ကသိုလ်မှာ ဆန္ဒပြမှု ဖြစ်ပွား

ဒီကနေ့ စစ်တွေ တက္ကသိုလ်မှာ မြို့ထဲကနေ ကျောင်းကို ပြေးဆွဲတဲ့ ဆိုင်ကယ်တက္ကစီ ဈေးနှုန်းတွေ တက်သွားတာကြောင့် ထောင်နဲ့ချီတဲ့ ကျောင်းသားတွေ ကျောင်းဝင်းအတွင်း ဒီကနေ့ ဆန္ဒပြခဲ့ကြတယ်လို့ စစ်တွေ တက္ကသိုလ် ကျောင်းသားတွေက ပြောပါတယ်။

2012.01.06
gasoline_fuel_station_305_z.png ရန်ကုန်မြို့ရှိ ဓာတ်ဆီဆိုင်တခုတွင် ကားများ ဆီဖြည့်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP

ဆိုင်ကယ် တက္ကစီခဟာ မူလက ကျပ် ၁၀၀ ဖြစ်ပေမယ့် ဓာတ်ဆီ ဈေးတက်တာကို အကြောင်းပြုပြီး ဇန်နဝါရီလ ၅ ရက်က စပြီး ကျပ် ၂၀၀ ကို တိုးတောင်းနေ ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျောင်းသား ကျောင်းသူတချို့ မနေ့က အစည်းအဝေး လုပ်ခဲ့ကြပြီး ဒီကနေ့ မနက်ပိုင်းမှာ စတင် ဆန္ဒပြခဲ့ကြ ပါတယ်။

၁၁ နာရီကစပြီး ကျောင်းထဲမှာ ဆန္ဒပြကြကြောင်း၊ ဆရာ ဆရာမတွေက ကိုယ့်အခန်းထဲကိုယ် ဝင်ကြဖို့ ပြောပေမယ့် ကျောင်းသားတွေက မဝင်ကြဘဲ အော်ပြီး ဆန္ဒပြကြကြောင်း၊ ကားခတွေ လျှော့ပေးဖို့ တောင်းဆိုကြကြောင်း ကျောင်းသူတစ်ဦးက ပြောပါတယ်။

ဆရာ ဆရာမတွေက ဈေးနှုန်းကို ၁၅၀ ကျပ်နဲ့ ညှိနှိုင်းပေးပေမယ့် တက္ကစီသမားတွေက လက်မခံသလို ကျောင်းသား ကျောင်းသူတွေ ကလည်း လက်မခံဘူးလို့ ကျောင်းသားတွေက ဆိုပါတယ်။ ဒီကနေ့ ညနေ ၅ နာရီလောက် အထိ ကျောင်းဝင်းထဲမှာ ကျောင်းသားတွေ ရှိနေဆဲ ဖြစ်ပြီး အများစု ကတော့ မြို့ထဲကို လမ်းလျှောက် ပြန်ကြတယ်လို့ ကျောင်းသား မိဘတွေက ပြောပါတယ်။ ဒီပြဿနာကို တနင်္လာနေ့မှာ အာဏာပိုင်တွေ ဖြေရှင်းပေးမှာ ဖြစ်တယ်လို့ မိဘတွေက ယုံကြည်ကြောင်း အာရ်အက်ဖ်အေကို ပြောပြပါတယ်။

ကျောင်းသားတွေ ကတော့ တနင်္လာနေ့မှာ မနက် ၅ နာရီ ထပြီး ကျောင်းကို လမ်းလျှောက်သွားမယ်လို့ ပြောဆိုပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး စစ်တွေ တက္ကသိုလ်က ကျောင်းသူတစ်ဦးကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။