မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတချို့ သြစတြေးလျ လျှော့ချ
2012.01.09

AFP PHOTO/POOL/Soe Than WIN
အဓိကအားဖြင့် အရင် စစ်အစိုးရ လက်ထက် ဝန်ကြီးဟောင်းတွေနဲ့ လက်ရှိ အစိုးရအဖွဲ့ ဝန်ကြီးအသစ်တွေရဲ့ အမည်တွေကို ပိတ်ဆို့ အရေးယူတဲ့ စာရင်းမှာ ထည့်သွင်းမှာ မဟုတ်တော့ဘူးလို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီး Kevin Rudd အဆိုအရ မြန်မာနိုင်ငံမှာ အပြုသဘောဆောင် ပြောင်းလဲမှုတွေ အနေနဲ့ အတိုက်အခံ ပါတီနဲ့ ပတ်သက်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်များ အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးခြင်းနဲ့ အလုပ်သမား သမဂ္ဂများ ဆိုင်ရာ ဥပဒေများ ပြဋ္ဌာန်းခြင်းတွေ တွေ့ရတဲ့အတွက်လို့ ဆိုပါတယ်။
သြစတြေးလျ နိုင်ငံရဲ့ ဆောင်ရွက်ချက်ဟာ မြန်မာအပေါ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုကို နှစ်စဉ် သုံးသပ်တဲ့အခါမှာ လက်ရှိ မြန်မာအစိုးရ အဖွဲ့တွင်း အပြောင်းအလဲနဲ့အညီ အလျှော့အတင်း ပြုလုပ်တာလို့ သြစတြေးလျ အခြေစိုက် မြန်မာ့ရေးရာရုံး ညွှန်ကြားရေးမှူး ဒေါက်တာ မြင့်ချိုက ပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီး Kevin Rudd က ငွေကြေးဘဏ်လုပ်ငန်း ဆိုင်ရာနဲ့ ခရီးသွားလာခွင့်တို့နဲ့ ပတ်သက်လို့ မြန်မာ အစိုးရ အာဏာပိုင်တွေ၊ စစ်ဗိုလ်ချုပ်တွေနဲ့ အပေါင်းပါ စီးပွားရေး လုပ်ငန်းရှင်တွေ အပေါ် တစ်ဦးချင်း ပစ်မှတ်ထား ပိတ်ဆို့ အရေးယူထားတာကိုတော့ ရုပ်သိမ်းဦးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒါ့အပြင် မြန်မာနဲ့ လက်နက် ရောင်းဝယ်တာကိုလည်း တားမြစ် ပိတ်ပင်ထားဆဲ ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး မအင်ကြင်းနိုင်က တင်ပြထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |