သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-13
အမေရိကန်အခြေစိုက် House Democracy Partnership (HDP) က ညီလာခံတက်ဖို့ ဖိတ်ကြားခံထားရတဲ့ ရခိုင်အမျိုးသားပါတီ က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောနေရာမှာ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က NLD ကိုယ်စားလှယ်တဦးနဲ့ အစားထိုးခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေထွက်ပေါ် လာခဲ့တဲ့အပေါ် RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်ရမှာပါ။
2016-12-13
ရခိုင်ပြည်နယ်လွှတ်တော်မှာ တင်သွင်းတဲ့ သဘာဝသစ်တောပြုန်းတီးမှုကို ကာကွယ် ထိန်းသိမ်းဖို့ ပြည်နယ်အစိုးရထံ တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ ဒီနေ့ ဆုံးဖြတ်လိုက် ပါတယ်။
2016-12-13
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသ ကြီးအတွင်း လီဒိုလမ်းမကြီးပေါ်က မြစ်ကြီးနား-တနိုင်း-ပန်ဆောင် လမ်းပိုင်းပြုပြင်ရေးတွေ ဆောင်ရွက်နေတဲ့ တရုတ်နိုင်ငံသား နှစ်ရာကျော်ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေအတိုင်း နေထိုင်လုပ်ကိုင်ခွင့်ပြုထားကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။
2016-12-13
ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဟာ ဒီကနေ့ ဘူးသီးတောင်နဲ့ စစ်တွေ မြို့က အကျဉ်းထောင်တွေမှာ မောင်တော အကြမ်းဖက်ဖြစ် စဉ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။
2016-12-13
တအာင်း(ပလောင်)လွတ်မြောက်ရေး တပ်မတော် TNLA တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ မြို့နယ် ပန်ကွမ်ရွာက ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီဝင်တွေနဲ့ ကျေးရွာသားတွေကို အမြန် ဆုံးပြန်လွှတ်ပေးဖို့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က မနေ့က ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက် ပါတယ်။
2016-12-13
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ချမ်းမြဝတီရပ်ကွက်မှာ နေထိုင်တဲ့ Eleven Media Group ဂျာနယ်သတင်းထောက် ကိုစိုးမိုးထွန်း ဒီနေ့မနက်က အသတ်ခံရကြောင်း မုံရွာမြို့မ ရဲစခန်းမှူး ဒုရဲမှူး သိန်းဆွေမြင့် က ပြောပါတယ်။
2016-12-13
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူ အုပ်စု ဝှေခါကျေးရွာအနီးက နိုင်ငံတော်နဲ့ အကျိုးတူလုပ်ကိုင်နေတဲ့ အဂ္ဂရတနာ ကုမ္ပဏီလုပ်ကွက်ထဲမှာ မနေ့ ညနေက ကျောက်တောင်ကမ်းပါး ပြိုကျတာကြောင့် အဲဒီလုပ်ကွက်မှာ ကျောက်စိမ်းတူးဖော်နေကြတဲ့ ရေမဆေးသမားတွေထဲက နှစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိ ခဲ့ပါတယ်။
2016-12-13
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ က တောင်းဆိုထားတဲ့ အချက် ၉ချက်ကို အစိုးရနဲ့ တပ်မတော်က လက်ခံမှ NCA လက်မှတ်ရေးထိုးမယ်ဆိုတဲ့ သဘောမျိုးမဟုတ်ဘဲ နှစ်ဘက်လက်ခံနိုင်မယ့် ဘုံသဘော တူညီချက်တွေရဖို့ ကြိုးစားနေခြင်းဖြစ်ကြောင်း UNFC အထွေထွေ အတွင်းရေးမှူး ခူဦးရယ် က ပြောပါတယ်။
2016-12-13
ဝါရှင်တန်ဒီစီ မြို့တော်ရှိ ဂျော့ဝါရှင်တန်တက္ကသိုလ်၊ အယ်လီယော့ နိုင်ငံတကာရေးရာကျောင်းမှာ မြန်မာနိုင်ငံသစ် ဆိုတဲ့ ခေါင်းစဉ်နဲ့ မနေ့နေ့လည်ပိုင်းကကျင်းပတဲ့ အခမ်းအနားမှာ အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်း က ရခိုင်ပြည်နယ် မောင်တောဒေသကို နိုင်ငံတကာ ကူညီထောက်ပံ့ရေးအဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေ လွတ်လပ်စွာသွားလာခွင့်ပြုမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
2016-12-13
ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ အခုလ ၃ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ လွှတ်တော်ဆိုင်ရာ ညီလာခံတစ်ခု တက် ရောက်ဖို့ နိုင်ငံတကာအသိပညာပေး အဖွဲ့ IRI က ဖိတ်ခေါ်ခဲ့တာကို လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ပယ်ချပြီး NLD ကိုယ်စားလှယ်တစ်ဦးကို အစား ထိုးစေလွှတ်ခဲ့ပါတယ်။
2016-12-13
ဒုတိယသမ္မတ ဦးမြင့်ဆွေ ဥက္ကဌအဖြစ် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် မောင်တောအရေး စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဟာ မောင်တောမြို့နယ်ကို မနေ့က စတင်ရောက်ရှိပြီး အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ကိစ္စတွေအပေါ် ဒေသခံ ရွာသားတွေကို တေ့ွဆုံမေးမြန်းတာတွေ ပြုလုပ်နေပါတယ်။
2016-12-13
ရန်ကုန် ကျောက်တံတားမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ "ကြိုက်တာယူ ၅ ထောင်ကျပ်" ဆိုင်တွေကို ပြီးခဲ့ရက်ပိုင်းက ရှောင်တခင် ဝင်ရောက်စစ်ဆေး ခဲ့ရာမှာ တရားဝင် အလုပ်လုပ်ကိုင်နိုင်တဲ့ Business Visa မဟုတ်ဘဲ Social Visa ကိုင်ထားတဲ့ တရုတ်နိုင်ငံသား ဆိုင်ဝန်ထမ်းတချို့ကို တွေ့ရှိခဲ့တယ်လို့ ဝင်ရောက် စစ်ဆေးတဲ့အဖွဲ့မှာ ပါဝင်တဲ့ ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စား လှယ် ဒေါ်ကြည်ပြာက ပြောပါတယ်။
2016-12-13
ရခိုင်ပြည်နယ်မှာ လက်ရှိအစိုးရသစ်တာဝန်ယူခဲ့တဲ့ကာလအတွင်း ဒီနေ့အထိ လယ်ယာမြေပြဿနာတွေနဲ့ ပတ်သက်တဲ့ တိုင်ကြားစာပေါင်း ၃၀၀ ကျော်ရှိပြီး အဲဒီတိုင်ကြားစာတွေအပေါ်မှာ အစိုးရက တိုင်တွယ်ဖြေရှင်းပေးတာမရှိသေးဘူးလို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေအကြား ဝေဖန်မှုတွေရှိနေပါတယ်။
2016-12-13
မြေလွတ်၊ မြေလပ်နဲ့မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ နည်းဥပဒေပါ ပြဌာန်းချက်တွေကို မလိုက်နာရင် လုပ်ပိုင်ခွင့်ပြုထားတဲ့ မြေတွေကို နိုင်ငံတော်က ပြန်လည်သိမ်းဆည်းသွားမှာဖြစ်ကြောင်း မြေလွတ်၊ မြေလပ်နဲ့မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြည်သူ့လွှတ်တော်မှာ ဒီဇင်ဘာလ (၁၂) ရက်နေ့ ဒီနေ့ ပြောကြားခဲ့ပါတယ်။
2016-12-13
အစိုးရတပ်မတော်နဲ့ တအာင်း(ပလောင်)တိုင်းရင်းသားလက်နက်ကိုင်အဖဲ့ွတွေအကြား တိုက်ပွဲဖြစ်ပွားမှာစိုးရိမ်ပြီး ရှမ်းပြည်မြောက်ပိုင်း လားရှိုး-နမ္မတူလမ်းပိုင်းပေါ်က ကျေးရွာတချို့က ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့ ညပိုင်းက စပြီး လားရှိုး၊ သီပေါ၊ ကျောက်မဲ နဲ့ နောင်ချိုမြို့တွေဖက်ကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။