လားရှိုး-နမ္မတူလမ်း စစ်ပြေးဒုက္ခသည်များ
2016.12.13
အစိုးရတပ်မတော်နဲ့ တအာင်း(ပလောင်)တိုင်းရင်းသားလက်နက်ကိုင်အဖဲ့ွတွေအကြား တိုက်ပွဲဖြစ်ပွားမှာစိုးရိမ်ပြီး ရှမ်းပြည်မြောက်ပိုင်း လားရှိုး-နမ္မတူလမ်းပိုင်းပေါ်က ကျေးရွာတချို့က ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့ ညပိုင်းက စပြီး လားရှိုး၊ သီပေါ၊ ကျောက်မဲ နဲ့ နောင်ချိုမြို့တွေဖက်ကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ လားရှိုးမြို့ကို ရောက်ရှိနေတဲ့ ဒုက္ခသည်တွေအခြေအနေကို RFA သတင်းထောက် ကိုကံသာ က တင်ပြထားပါတယ်။