မောင်တောအရေး စုံစမ်း စစ်ဆေးရေးကော်မရှင် ကျေးရွာ ၁၀ ရွာက ဒေသခံတွေနဲ့ တွေ့ဆုံ
2016.12.13
ဒုတိယသမ္မတ ဦးမြင့်ဆွေ ဥက္ကဌအဖြစ် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် မောင်တောအရေး စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဟာ မောင်တောမြို့နယ်ကို မနေ့က စတင်ရောက်ရှိပြီး အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ကိစ္စတွေအပေါ် ဒေသခံရွာသားတွေကို တေ့ွဆုံမေးမြန်းတာတွေ ပြုလုပ်နေပါတယ်။
အဲဒီခရီးစဉ်မှာ လိုက်ပါသွားတဲ့ ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောသလေးစောကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။