ရခိုင်ပြည်နယ်က လယ်ယာမြေပြဿနာ
2016.12.13
ရခိုင်ပြည်နယ်မှာ လက်ရှိအစိုးရသစ်တာဝန်ယူခဲ့တဲ့ကာလအတွင်း ဒီနေ့အထိ လယ်ယာမြေပြဿနာတွေနဲ့ ပတ်သက်တဲ့ တိုင်ကြားစာပေါင်း ၃၀၀ ကျော်ရှိပြီး အဲဒီတိုင်ကြားစာတွေအပေါ်မှာ အစိုးရက တိုင်တွယ်ဖြေရှင်းပေးတာမရှိသေးဘူးလို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေအကြား ဝေဖန်မှုတွေရှိနေပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားတဲ့ လယ်ယာ၊ သားငါး၊ သစ်တောနဲ့ ဆည်မြောင်းလုပ်ငန်းများအဖွဲ့ ဥက္ကဌ၊ မြေပုံမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် က တွေ့ဆုံမေးမြန်းထားပါတယ်။