သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-01-25
ပြင်သစ်နိုင်ငံ အခြေစိုက် RSF ခေါ် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က ၂၀၁၁-၂၀၁၂ ခုနှစ် အတွက် သတင်းလွတ်လပ်မှု အညွှန်းကိန်း Press Freedom Index ကို ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံကို ၂၀၁၀ တုန်းက အဆင့် ၁၇၄ သတ်မှတ်ထားခဲ့ပေမယ့် ဒီနှစ်မှာတော့ အဆင့် ၁၆၉ အဖြစ် သတ်မှတ်လိုက်ပါတယ်။
2012-01-25
မြန်မာနိုင်ငံမှာ လာမယ့် လပိုင်း အတွင်း စာပေစိစစ်ရေး လုံး၀ ရှိမှာ မဟုတ်တော့ဘူးလို့ စာပေစိစစ်ရေးအဖွဲ့ အကြီးအကဲ ဗိုလ်မှူးဟောင်း ဦးတင့်ဆွေက ဒီကနေ့ ပြောကြား လိုက်ပါတယ်။
2012-01-25
ဒီမိုကရေစီရေးအတွက် နှစ်ပေါင်းများစွာ အနစ်နာခံ ကြိုးပမ်းမှု အတွက် ပါကစ္စတန် သမ္မတကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ဘာနာဇီယာဘူတို ဒီမိုကရေစီဆု ဒီကနေ့ ချီးမြှင့်လိုက်ပါတယ်။ ဒီဆုဟာ လုပ်ကြံ သတ်ဖြတ်ခံရတဲ့ ပါကစ္စတန် ဝန်ကြီးချုပ် ဘာနာဇီယာဘူတို အထိမ်းအမှတ် အဖြစ် ချီးမြှင့်တဲ့ ဆုပါ။
2012-01-25
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ စတင်နေပါပြီလို့ အမေရိကန် အောက်လွှတ်တော်မှာ မနေ့က ပြောကြားတဲ့ ၂ဝ၁၂ ခုနှစ် နိုင်ငံတော် အခြေပြ မိန့်ခွန်းမှာ အမေရိကန် သမ္မတ Barack Obama က ထည့်သွင်း ပြောဆိုလိုက်ပါတယ်။
2012-01-25
ဆော်ဒီအာရေဗီးယား နိုင်ငံရောက် မြန်မာ အလုပ်သမား ၂၆ ဦးဟာ အလုပ်ပွဲစားရဲ့အလှည့်ခံရလို့ အခက်အခဲ မျိုးစုံ ရင်ဆိုင်နေရတဲ့ အပြင် အလုပ်ရှင်က ပတ်စပို့နဲ့ နေထိုင်ခွင့် လက်မှတ် သိမ်းထားတာကြောင့် ဒုက္ခရောက်ပြီး အကူအညီ မဲ့နေတယ်လို့ သိရပါတယ်။
2012-01-25
အနှစ်နှစ်ဆယ်ကျော် ကင်းကွာနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ မနေ့ညနေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ပထမဆုံး အကြိမ် ပြန်လည် တွေ့ဆုံခဲ့ကြပါတယ်။
2012-01-24
ဇန်နဝါရီ ၁၃ ရက်က သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အင်းစိန်ထောင် က လွတ်မြောက်လာပြီးနောက် ပြီးခဲ့တဲ့စနေနေ့က ကွယ်လွန်သွားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသက်နွယ် (ခေါ်) ကိုငြိမ်းလူရဲ့ ရုပ်ကလာပ်ကို ရေဝေးသုသာန်မှာ ဒီကနေ့ နေ့လယ်ပိုင်းက သြင်္ဂိုဟ်ခဲ့ပါတယ်။
2012-01-24
နိုင်ငံရေး အကျဉ်းသားဟောင်း ၆၄ ဦး ကို ပဲခူးမြို့ အန်အယ်လ်ဒီ မိသားစုဝင် တွေက ပဲခူးမြို့ ဂရမ်းဆိုရှယ် (Grand Social) ခန်းမဆောင်မှာ ဒီကနေ့ မနက်ပိုင်းက ဂုဏ်ပြုခဲ့ပါတယ်။
2012-01-24
အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီ စည်းရုံးရေး ခရီးစဉ်အဖြစ် လာမယ့် ဇန်နဝါရီ ၂၉ ရက်က စပြီး မြိတ်၊ ထားဝယ်၊ မန္တလေးနဲ့ ပုသိမ်မြို့တွေကို သွားမယ်လို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အာအက်ဖ်အေကို ဒီကနေ့ ပြောပါတယ်။
2012-01-23
ထားဝယ် အထူးစီးပွားရေးဇုံ စီမံကိန်း ရင်းနှီးမြုပ်နှံမှုမှာ မြန်မာနဲ့ထိုင်း အစိုးရအပြင် ပြည်ပ အစုရှယ်ယာရှင်တွေပါ ဟန်ချက်ညီညီ ပါဝင်ဖို့ လိုအပ်တယ်လို့ စီမံကိန်း အကောင် အထည်ဖော်မယ့် ITD အီတာလျံ-ထိုင်း ကုမ္ပဏီ ထိပ်တန်း အရာရှိတစ်ဦးက ပြောလိုက်ပါတယ်။
2012-01-23
မြန်မာအစိုးရ ခေါင်းဆောင်တွေနဲဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးဖို့နဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့ ပါကစ္စတန်နိုင်ငံ သမ္မတ မစ္စတာဇာဒါရီဟာ မြန်မာနိုင်ငံကို နှစ်ရက်တာ ခရီးစဉ်အဖြစ် ဒီကနေ့ ရောက်လာဖို့ ရှိပါတယ်။
2012-01-23
မြန်မာအစိုးရရဲ့ ပြုပြင် ပြောင်းလဲရေးတွေကို အားပေး ထောက်ခံတဲ့ အနေနဲ့ ပိတ်ဆို့ အရေးယူမှုတွေကို စတင် လျှော့ချသွားဖို့ ဥရောပသမဂ္ဂ အီးယူ အဖွဲ့ဝင် နိုင်ငံတွေ တနင်္လာနေ့က သဘောတူခဲ့ ကြပါတယ်။
2012-01-23
မကြာသေးခင်က လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့ ဝန်ကြီးချုပ်ဟောင်း၊ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်ဟာ မြရိပ်ညို ပညာရေးနဲ့ ကျန်းမာရေး ဖောင်ဒေးရှင်းကို နာယက အဖြစ် ဦးဆောင်မယ်လို့ သိရပါတယ်။
2012-01-23
ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်၊ အင်းစိန်ထောင်ထဲကို တရားမဝင် သွင်းဖို့ ကြိုးစားတယ် ဆိုပြီး စွဲချက်တင်ထားတဲ့ အမှု အတွက် ငွေဒဏ် ချမှတ်မယ် ဆိုရင်တောင် မိမိအနေနဲ့ ထောင်ဒဏ်ကျခံဖို့ ဆုံးဖြတ်တယ်လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က အာအက်ဖ်အေကို ပြောပါတယ်။
2012-01-23
လွှတ်ပေးမယ်လို့ ကတိပေးထားပါလျက် နောက်ထပ် ပုဒ်မကြီးတွေ တပ်ပြီး ရုံးထုတ် စစ်ဆေးခံရတာကို အလွန် အံအားသင့်မိကြောင်း အင်းစိန် အကျဉ်းထောင်တွင်း ထိန်းသိမ်းခံထားရတဲ့ KNU ဗဟို ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောဆိုကြောင်း အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားရုံးချုပ် ရှေ့နေကြီး ဦးကြီးမြင့်က ပြောပါတယ်။