ထောင်ကျခံမယ်လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင် ပြော
2012.01.23

Photo: pwvb.blogspot.com
ပြီးခဲ့တဲ့ ၂၀၁၁ ခု အတွင်း အီလက်ထရောနစ် ပုဒ်မနဲ့ ထောင်ဒဏ် ၁၀ နှစ် အချခံရပြီး ဇန်နဝါရီလ ၁၃ ရက်က လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို နောက်ထပ် စွဲချက်တင်ထားတဲ့ တရားမဝင် ပစ္စည်းများ ထောင်ထဲကို သွင်းဖို့ ကြိုးပမ်းမှုနဲ့ အင်းစိန် မြို့နယ် စုပေါင်း တရားရုံးက စီရင်ချက်ချဖို့ မနက်ဖြန် ရက်ချိန်းပေးထား ပါတယ်။
တကယ်တော့ ဒီအမှုဟာ အချိန်အခါ အရ ဘယ်လိုမှ မဖြစ်သင့် မဖြစ်ထိုက်တဲ့ အကြောင်း ဗိုလ်ကြီးဟောင်း နေမျိုးဇင် ကပြောပါတယ်။
ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ ရှေ့နေ ဦးလှမျိုးမြင့်က ဗိုလ်ချုပ်အောင်ဆန်းပုံ ပါတဲ့ တီရှပ်ဟာ တရားမဝင်ပစ္စည်း မဟုတ်တဲ့ အကြောင်း ပြန်လည် ထုချေထားပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဟာ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာပြီး ကတည်းက တရားရုံးချိန်း ၂ ကြိမ် တက်ခဲ့ရပြီးပါပြီ။
ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ကိုဝင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |