ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေး ခရီးထွက်မယ်
2012.01.24

AFP
ဒီခရီးစဉ်ဟာ ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးဖို့ မဟုတ်ပေမယ့် လူထုရဲ့ တောင်းဆိုချက်အရ မိန့်ခွန်း ပြောကြားတာတွေ ရှိနိုင်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံး နိုင်ငံရေးခရီးစဉ်အဖြစ် မနှစ်က သြဂုတ်လအတွင်း ပဲခူးမြို့ကို သွားရောက်ခဲ့ပါတယ်။ အဲဒီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် အစိုးရ အာဏာပိုင်တွေ ဘက်က ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ပါတယ်။
ဒီအတောအတွင်း မကြာခင်က အကျဉ်းထောင်အသီးသီးက လွတ်မြောက်လာခဲ့တဲ့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ ညနေပိုင်းမှာ ပထမဆုံးအကြိမ် တွေ့ဆုံကြဖို့ရှိပါတယ်။