ဦးခင်ညွန့် မြရိပ်ညို ဖေါင်ဒေးရှင်း နာယက တာဝန်ယူမည်

မကြာသေးခင်က လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့ ဝန်ကြီးချုပ်ဟောင်း၊ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်ဟာ မြရိပ်ညို ပညာရေးနဲ့ ကျန်းမာရေး ဖောင်ဒေးရှင်းကို နာယက အဖြစ် ဦးဆောင်မယ်လို့ သိရပါတယ်။

2012.01.23
khin-nyunt-released-b305 သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အရ ၂ဝ၁၂ ခု ဇန်နဝါရီလ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် သတင်းထောက်များနှင့် စကားပြောနေစဉ်။
RFA

မြရိပ်ညို ဖောင်ဒေးရှင်းကို စီးပွားရေး လုပ်ငန်းရှင်နဲ့ အထက်လွှတ်တော်အမတ် ဇေကမ္ဘာ ဦးခင်ရွှေက ကျပ်ငွေ သိန်းပေါင်း တစ်သောင်း မတည်ပြီး မနှစ်က အောက်တိုဘာလ အတွင်း တည်ထောင်ခဲ့ပါတယ်။

ဝေးလံခေါင်သီတဲ့ နယ်စပ် တိုင်းရင်းသား ဒေသတွေမှာ ကျောင်းဆရာ ဆရာမတွေ အလုံအလောက် ခန့်ထားရေး၊ ဆေးရုံ ဆေးခန်းတွေ တည်ထောင်ရေး၊ ပညာသင်ဆု ပေးရေး စတဲ့ ကျန်းမာရေးနဲ့ ပညာရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ရည်ရွယ်ပြီး ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်ရဲ့ လမ်းညွှန်မှုနဲ့ ဒီဖောင်ဒေးရှင်းကို တည်ထောင်ခဲ့တာလို့ ဦးခင်ရွှေက အာအက်ဖ်အေကို ပြောဆိုခဲ့ပါတယ်။

မြရိပ်ညို ဖောင်ဒေးရှင်းမှာ နာယက အဖြစ် ဦးဆောင်ပေးမှု အတွက် ဦးခင်ရွှေက ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ကို အမေရိကန် ဒေါ်လာငါးထောင် လစဉ် ချီးမြှင့်သွားမယ်လို့လည်း ဇေကမ္ဘာ ကုမ္ပဏီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ဟာ အခုလ ၁၃ ရက်က လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်မြောက် လာခဲ့ပြီးနောက် နိုင်ငံရေး မလုပ်ဘဲ လူမှုရေးပဲ လုပ်မယ်လို့ ပြောဆိုခဲ့ပါတယ်။ လေ့လာသူ တချို့တော့ ဦးခင်ညွန့်ဟာ နိုင်ငံရေးနဲ့ တစ်နည်းတစ်ဖုံ ပတ်သက်လာလိမ့်မယ် လို့လည်း ထင်ကြေးပေးနေကြ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-01-23 17:40

What a scaring ? 55 million of our country's population don't have even 1$ a day income. If you want to help people or do charitable work you don't need a staff who wants a lot of money, something might be there, obviously it is not genuine spirit of charity. It is an abuse of charity.

Anonymous
2012-01-25 12:53

အမြင်မှန်ရရင် လေးစားပါတယ်။

Anonymous
2012-01-31 11:23

HE IS NOT GOOD ENOUGH PEOPLE.SELFISH.U KHIN SHWE ALSO THE SAME.

Anonymous
2012-01-24 14:14

ဘာဖြစ်ဖြစ်အားလုံးအဆင်ပြေနေယင်ရပါပီ

Anonymous
2012-01-25 02:33

Make U Khin Nyunt stay away from Myayeiknyo Foundation if we want to see our education system higher and higher and want our coming generation to keep abreast of time. Because he has little knowledge about education and health, but much about politics and making peace. If U Khin Shwe helps him, there are many other ways to do so. Needless to spend US$5000 that is well enough for someone (who has a lot of experiences in education field or medical one) to really and systematically promote our education and health systems. Believe it or not that I'm sure that if U Khin Nyunt were the patron of Myayeiknyo Foundation, our school-aged children will be like blind and deaf.

Anonymous
2012-01-23 16:52

ဒီလူကြီး စတော့မယ်ဗျို့  သူ့ ရောဂါက အမြစ်
မသေနိုင်သေးဘူး .. သတိထားကြ

Anonymous
2012-01-24 00:14

ဒေါက်တာဘွဲ့ အတုကိုပိုက်ဆံပေးရထားတဲ့ ခင်ရွှေကို ခင်ညွန့် ကောင်းစားစဉ်က လုပ်ပိုင်ခွင့် ရှယ်ယာတွေ တွက် ပြန်ပေးတာပါ။ ဒါသူတို့ ဖါသာ နာမည်ရှာပြီး ဟိုလိုလိုဒီလိုလို လုပ်တာ တကယ်တော့ ခင်ညွန့်နဲ့ သူ့ အမျိုးတွေမှာ နာမည်ဖွက်ထားတဲ့ စီးပွါးရေး အများကြီးရှိပါသေးတယ်။ သန်းရွှေက တေဇကို သူ့ မိသားစု စီးပွါးရေးတွက်မွေးသလို ခင်ညွန့်နဲ့ ခင်ရွှေလဲ ဆရာတပည့်ပါပဲ။

Anonymous
2012-01-23 10:11

သူ့ဟာသူထောင်တာဆိုပေမဲ့ သူခိုးကသူခိုးပါဘဲလေ။ တခါထပ်ပြီးမျောက် ငှက်ပြောသီးကုန်ကူးခိုင်း၊ ငှက်ပျောသီးကလဲ ဒို့ပြည်သူပိုင်ဟာတွေ

Anonymous
2012-01-23 19:59

သိပ်တော့ မယုံရဲသေးပါ။

Anonymous
2012-01-23 02:55

စတော့မယ်ဟေ့ ၊ ခြေလှမ်းပြင်နေပြီ၊သတိရှိကြ၊အသင့်ပြင်ကြ

Anonymous
2012-01-24 01:19

Don't worry for in this case,Sooner or later
This man go to out of Public Figure.

Anonymous
2012-01-23 19:43

BTANRY5

Anonymous
2012-01-25 12:03

WOWW, salary is 5,000. is it social work foundation? pls explain to me .

Anonymous
2012-01-25 07:59

PLEASE GO OUT, ALL ARMY GROUP, KHIN SHWE AS WELL , WE ARE NEVER BELIVE THIS GROUP,

Anonymous
2012-01-24 05:34

ထင်တာကတော့ သူ့ကြောင့် နစ်နာသူများကို လျောကြေးပေးရမှာ စိုးလို့ ကုန်းကောက်စရာမရှိအောင် ဆင်းရဲလို့ ရဲတိုက်တမျှအိမ်ကြီးမှာနေပြီး သစ်ခွပန်းရောင်းစားရလောက်အောင် ဆင်းရဲပါပြီပေါ့။ တဲပုတ်နဲ့နေပြီး ကန်စွန်းရွက်ရောင်းစားလျှင် နည်းနည်းသနားမည်။ ဆိုတော့ကာ အယင်က ခိုးထားတာတွေ ပြန်ထုတ်သုံးလို့ ကောင်းအောင် အလုပ်အခန့်ပြတာနေမှာပေါ့။ မဟုတ်လည်း အယင်က ခင်ရွှေကို လိုင်စင်ချ လုပ်ခိုင်းခဲ့တာတွေ ခင်ရွှေက ပြန်ပေးတာနေမှာပေါ့။ ၈၈မျိုးဆက်က လူတွေ ဘာလို့ အလုပ်မခန့်သလဲ မောင်ခင်ရွှေ။

Anonymous
2012-01-26 12:32

He is the one killing the students and make our education system into useless and worthless by dispersing the colleges and universities at deserts, made learning and teaching difficult. Now he become the Chairperson of the educational foundation. Is it the wise decision made by the Mya Yeik Nyo Group Chairman, so called Dr.?

Anonymous
2012-01-24 05:27

We don't believe Khin Nyunt.Because he kill so many people.

Anonymous
2012-01-23 11:48

တဖန်ပြန်၍ ခင်နေကြပြီကော......oါo

Anonymous
2012-01-25 02:15

I remember Mya Yein Nyo 2 construction. Corrupted executive engineers complaint Khin Shwe at the meeting for the reasons of bitching in professional field at 1995. Ko khin Shwe! What do you know about civil engineering? You knew only how to build army barracks and toilets. You know how to report back to S1. Next day meeting those engineers are fired. Khin Nyunt made him a tycoon. Now pay back time. Dogs ate dogs. Dogs protect dogs. We called Khin Nyunt "Kyar Ku Le Win Myint". Now Kyar Ku Le and his sinners are back.

Anonymous
2012-01-23 17:58

Danger !

Anonymous
2012-01-24 00:19

He destroyed our country especially to low down education and make people to scare for every night, as " follow with us for a while to check " . He created us this system to stay dark night scare. Why come back and he so twist and totally will be back again.

Anonymous
2012-01-27 21:29

ရွှေကမ္ဘာ ဦးခင်ရွှေက ဦးခင်ညွန့်ဆီက လှူမှုရေးကိုဘန်းပြပြီး နိုင်ငံရေးနဲ့ပတ်သင်တဲ့ပညာတွေကို တရားဝင်ငွေပေးပြီး လစဉ်သင်ယူတော့မယ်ထင်တာပဲ့။

Anonymous
2012-01-25 22:15

he did too much hurt to the people, still he want to lead the foundation. He will get back hurt again.

Anonymous
2012-01-23 13:19

no 2 killer

Anonymous
2012-01-23 10:47

Where did they get a lot of money as monthly pay for former General Khin Nyunt, many people who're suffering, don't have food, we don't accept as he was Prime Minister, don't use the word as former Prime Minister, nobody voted for him just designated from Military Government, be careful.

Anonymous
2012-01-23 19:58

ဟားဟား လွတ်တာ ရက်ပိုင်းပဲ ရှိသေးတယ်၊ ဇာတိပေါ်လာပြီ၊ ဒေါက်တာတု ကြီးနဲ့ သွားပေါင်းတယ်၊ ဒါဆို ကြံ့ဖွတ်ပေါ့။

Anonymous
2012-01-25 08:07

MAI , [LEASE GO OUT ALL ARMY GROUP PLEASE PLEASE , 46 YEARS WE ARE LIFE IS UNDERGROUND .

Anonymous
2012-01-26 13:33

ခင်ညွန့်လို လူသတ်သမားက လူမှု့ေ၇းလုပ်မယ်ဟုတ်လား???ခင်ေ၇ွှကလဲ ပြည်သူဆီက သူခိုးလို့၇ထားသမျှနဲ့ အဖေကို ပြန်ထောက်ပံ့အုန်းမယ်ပေါ့လေ...