ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် ဇာဂနာကို ဖိတ်ကြား
2012.01.16

“ကျွန်တော် ထောင်ကထွက်တဲ့အခါကျတော့ ကျွန်တော်က ဗိုလ်ချုပ်ခင်ညွန့်တို့ကိုလည်း ထောင်ထဲမှာ ထားတဲ့ကိစ္စ မသင့်တော်ပါဘူး။ လွှတ်ပေးသင့်ပါတယ်လို့ ကျွန်တော် တောင်းဆိုခဲ့တယ်လေ။ အဲဒီဟာနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်ခင်ညွန့်က ကျေးဇူးတင်စကား ပြောချင်ပါတယ်ဆိုပြီး ဖိတ်ကြားတဲ့အတွက် ကျွန်တော် ရောက်သွားတာပါပဲ။ ကျွန်တော်တို့ ထောင်ထဲမှာ ဘယ်လိုနေခဲ့တယ် ဆိုတဲ့အကြောင်းပြော၊ သူလည်း သူ အကျယ်ချုပ် နေရတဲ့ဘဝမှာ ဘယ်လို ဘယ်လို နေထိုင်ရတယ် ဆိုတာလေးတွေ ပြောပေါ့။ မလွတ်မြောက်သေးတဲ့လူတွေအကြောင်းလည်း ပြောဖြစ်ကြတယ်။ ဘယ်သူက ဘယ်ထောင်မှာ။ သူတောင် မသိပါဘူး”
ဦးခင်ညွန့်ကို ဇာဂနာနဲ့အတူ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဒါရိုက်တာ ကြည်ဖြူသျှင်နဲ့ ရုပ်ရှင်သရုပ်ဆောင် ဇင်ဝိုင်းတို့ သွားရောက် တွေ့ကြပါတယ်။ အဲဒီလို သွားရောက်တွေ့ဆုံရတာဟာ အင်တာနက်မှာ ပျံ့န့ှံနေသလို ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်နဲ့ လုံးဝ မသက်ဆိုင်သလို အဲဒီကိစ္စပြောဆိုတာလည်း မရှိဘူးလို့ ဇာဂနာက ပြောပါတယ်။