မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းဖို့ အချိန်မတန်သေး

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန် အစိုးရရဲ့ ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းဖို့ အချိန်မတန်သေးကြောင်း၊ အနုပညာရှင် ကိုဇာဂနာနဲ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကချင်ပြည်နယ်အရေး လှှုပ်ရှားသူ ဒေါ်ဘောက်ဂျာတို့က ပြောလိုက်ပါတယ်။

2012.02.02
zarganar-ned-b305 ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီ ၂ ရက်နေ့တွင် ဝါရှင်တန်ဒီစီ NED ( National Endowment for Democracy ) က ပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲတွင် ကိုဇာဂနာ ဆွေးနွေးနေစဉ်
Photo:RFA

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်က NED ခေါ် မြန်မာနိုင်ငံ ဒီမိုကရေစီအရေး အကူအညီ ပေးနေတဲ့အဖွဲ့ရဲ့ ရုံးခန်းမှာ မနေ့က ကျင်းပတဲ့ ဟောပြောပွဲမှာ ကိုဇာဂနာနဲ့ ဒေါ်ဘောက်ဂျာတို့က ပြောခဲ့တာပါ။

အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေဟာ မိမိတို့ တိုင်းပြည် ပြောင်းလဲမှုုအတွက် အသုံးဝင်တဲ့ဖိအားတွေဖြစ်ကြောင်း ကိုဇာဂနာက ပြောပါတယ်။

လက်ရှိ အခြေအနေမှာ ပြောင်းလဲမှုတွေ ရှိနေပေမယ့် တိုင်းရင်းသား ကချင်ပြည်နယ်မှာတော့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကထက် ပိုဆိုးကြောင်း၊ အစိုးရ စစ်သားတွေက ယောက်ကျားတွေကို ပေါ်တာဆွဲ၊ အမျိုးသမီးတွေကို မတရားပြုကျင့်၊ ပစ္စည်းယူ ရွာမီးရှို့ လုပ်ကြတာကြောင့် ဒေသခံ ကျေးရွာတွေ စစ်ပွဲဒဏ် ခံစားနေရကြောင်း ဒေါ်ဘောက်ဂျာက ပြောပါတယ်။

မနေ့က ကျင်းပတဲ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ အမေရိကန်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Michael Posner ကတော့ အမေရိကန် အစိုးရရဲ့ သဘောထားနဲ့ ပတ်သက်ပြီး "မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေ ဖြစ်နေပြီလို့ ယုံကြည်ရတဲ့ အခြေခံ အကြောင်းတွေ မိမိတို့မှာ ခိုင်ခိုင်လုံလုံ ရှိပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာလည်း အပြောင်းအလဲတွေ ခိုင်မာမှုမရှိဘဲနဲ့ မိမိတို့ အမေရိကန် အစိုးရရဲ့ အပြုသဘော ဆက်ဆံရေး မူဝါဒဟာ အလျင်စလို ချက်ခြင်း ပြောင်းလဲသွားဖို့မရှိပါဘူး" လို့ ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-02-05 07:45

Oh Mr Zaganar
How wise you are?
Do you think the sanctions help our country? If you think yes, you need to study more about our country.
This is the time to encourage FDI (Foreign direct investment) to move forward our country development. Economy is as important as political reform.
Due to the international sanctions, Myanar is far low development even under Laos.
Please reconsider your mouth piece.

Anonymous
2012-02-02 20:34

ဆိုမာလီဓါးပြက ဇာဂနာကိုယ်တိုင် ဖြစ်နေပါလား
ပိတ်တော့ နစ်နာတာက အစိုးရထက် ပြည်သူတွေက ပိုနစ်နာမယ် ထင်ပါတယ်

Anonymous
2012-02-03 09:10

ဇာဂနာ မင်းတော်တော် အပြောင်းအလွဲနိုင်ပါလား ခုတစ်မိုးတော်ကြာတစ်မိုးနဲ့ ပေးကန်ဥူတွေအကြိုက်လိုက်ပြောတပ်ပြီး နိုင်ငံတစ်ကာ မှာတောင်းစားနေတဲ့လူလို့ငါထင်တယ် မင်းကပြည်တွင်းမှာနေတုန်းကတော့ဥူတော်ကောင်လိုလိုဘာလိုလိုနဲ့ အနောက်ကလူတွေနဲ့တွေ့တုန်းကမင်းပြောခဲတဲ့စကားကို သဘောကျခဲတယ် အထည်ခူပ်စက်ရုံတွေဘာတွေလာထောင်ဖို့ပြောခဲ့တယ် ခုတော့ပိတ်ဆိုဖို့ပြောပြန်ပြီး မင်းလဲ အလည်ကားကောင်ပဲ စကားကို မဆင်မချင်ပြောတယ် ပြည်သူအတွက်ပြည်သူအတွက်နဲ့ နောက်ဆုံးတော့ မင်းလဲဒီပုတ်ထဲကဒီပဲ ပါပဲကွာ

Anonymous
2012-02-03 09:42

ခင်ဗျားဘာကိုဆိုလိုချင်တာလဲ ?...ဇာဂနာဆိုတာပြည်သူအသိအမှတ်ပြုလို့ ဇာဂနာဆိုပြီးရပ်တည်လို့ ရတာကိုမမေ့နဲ့ ....လွယ်အိတ်မလုပ်ပါနဲ့ ဗျာ....