ကန်တော့ခံပုဂ္ဂိုလ်ထဲ ဦးခင်ညွန့် ပါဝင်ခဲ့တဲ့အတွက် ကန့်ကွက်


2018.12.30
literature-fb-622.jpg ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ကန်တော့ခံပုဂ္ဂိုလ်တွေထဲမှာ ပါဝင်ခဲ့တာကြောင့် စာရေးဆရာတွေရဲ့ ကန့်ကွက်စာတချို့ ရေးသားထားတာကို တွေ့ရစဉ်
.

မနေ့က ကျင်းပခဲ့တဲ့ သက်ကြီးစာပေပညာရှင်များ ကန်တော့ပွဲမှာ စစ်ထောက်လှမ်းရေးအဖွဲ့ရဲ့ ညွှန်ကြားရေး မှူးဟောင်း ဗိုလ်ချုပ်ကြီး ဦးခင်ညွန့်က ကန်တော့ခံပုဂ္ဂိုလ်တွေထဲမှာ ပါဝင်ခဲ့တာကြောင့် ကန့်ကွက်မှုတွေရှိနေ သလို စာရေးဆရာများအသင်းကနေ နုတ်ထွက်တဲ့ စာရေးဆရာတွေ အတော်များများ ရှိနေပါတယ်။

ကန်တော့ပွဲမပြီးခင် အခမ်းအနားကနေ ထွက်ခွာသွားတဲ့ စာရေးဆရာတချို့လည်းရှိခဲ့သလို အသင်းကနေ ပေးပို့တဲ့ ဒီနှစ်အတွက် ကန်တော့တဲ့ ပစ္စည်းတွေကို လက်မခံဘဲ ငြင်းဆိုလိုက်တဲ့ စာရေးဆရာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

မနေ့က အခမ်းအနားကို ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့ပြီး ဗိုလ်ချုပ်ကြီးဟောင်းနဲ့ အတူ ဓာတ်ပုံတွေ လူမှုကွန်ရက်မှာ ပြန့်နှံ့ခဲ့တာကြောင့် လက်ရှိလွှတ်တော် ကိုယ်စားလှယ်တွေ အပါအဝင် နိုင်ငံရေး အသိုင်းအဝိုင်းဘက်ကလည်း ဝန်ကြီးချုပ်ကို ဝေဖန်မှုတွေ ရှိနေပါတယ်။

အခမ်းအနားကို မြန်မာနိုင်ငံ စာရေးဆရာများအသင်းက ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။