လပိုင်းအတွင်း စာပေစိစစ် ဖျက်တော့မယ်တဲ့
2012.01.25
AFP
ပြန်ကြားရေး ဝန်ကြီးဌာနက ရေးဆွဲထားတဲ့ စာနယ်ဇင်း ဥပဒေမူကြမ်းကို ဇန်နဝါရီ ၂၇ ရက် ခေါ်ယူမယ့် လွှတ်တော် အစည်းအဝေးမှာ တင်သွင်း ပြဋ္ဌာန်းပြီးခဲ့ အခါ စာနယ်ဇင်းတွေ အနေနဲ့
ဆင်ဆာအဖွဲ့ကို တင်ပြစရာ မလိုဘဲ ထုတ်ဝေခွင့် ရရှိမှာ ဖြစ်ကြောင်း စာပေစိစစ်ရေးဌာန အကြီးအကဲ ဦးတင့်ဆွေက အာအက်ဖ်အေနဲ့ သီးသန့် ဆက်သွယ် မေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။
စာနယ်ဇင်း ဥပဒေကို ပြဋ္ဌာန်းပြီးတဲ့ အခါ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက သတင်းစာ ထုတ်ဝေခွင့် အပါအဝင် တခြား ဒီမိုကရေစီ နိုင်ငံတွေမှာလို စာနယ်ဇင်း လွတ်လပ်ခွင့် အပြည့်အ၀ ရရှိလာမှာ ဖြစ်တယ်လို့လည်း ဦးတင့်ဆွေက ပြောပါတယ်။
စာပေစိစစ်ရေးဌာန အကြီးအကဲ ဦးတင့်ဆွေနဲ့ အာအက်ဖ်အေ ဆက်သွယ် မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |