ကိုငြိမ်းလူ ဈာပန ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်
2012.01.24

အဲဒီ ဈာပန အခမ်းအနားကို နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ဗကသ ကျောင်းသား ခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ စီစဉ်သူတစ်ဦး ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား မိသားစု ကွန်ရက်အဖွဲ့ဝင် ကိုအောင်ဇော်ထွန်းက ပြောပါတယ်။
ကိုငြိမ်းလူဟာ အဖမ်းဆီးခံရချိန်က နှိပ်စက်ခံရပြီး ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှုလည်း ညံ့ဖျင်းတဲ့အတွက် ရရှိခဲ့တဲ့ ရောဂါ ဝေဒနာတွေကြောင့် ကွယ်လွန်သွားခဲ့တာလို့ မိတ်ဆွေတွေက ပြောပါတယ်။ ဈာပနအခမ်းအနားမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက် ဆက်လက် တိုက်ပွဲဝင်သွားဖို့ လုပ်ဖော်ကိုင်ဖက်တွေက သန္နိဋ္ဌာန် ပြုခဲ့ကြတယ်လို့ ဈာပနအခမ်းအနားကို တက်ရောက်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ဝင် ကိုထွန်းကြည်က ပြောပါတယ်။
ကိုငြိမ်းလူဟာ ၂ဝဝ၂ ခုမှာ အဖမ်းခံခဲ့ရပြီး ၂ဝ၁၂ ခု ဇန်နဝါရီမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အင်းစိန်ထောင်က လွတ်မြောက်လာခဲ့ပြီး ရက်ပိုင်းအတွင်း အသက် ၅၆ နှစ်အရွယ်မှာ အခုလို ကွယ်လွန်ခဲ့တာပါ။
ဈာပနကို တက်ရောက်လာတဲ့ ဧည့်ပရိသတ် စုစုပေါင်း သုံးရာကျော် ရှိပါတယ်။