သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-08-10
အကြမ်းဖက်မှုတွေ ပြီးဆုံးသွားပေမဲ့ ရခိုင်ပြည်နယ် အခြေအနေဟာ ပိုကောင်းမလာဘဲ တင်းမာမှု မြင့်မားနေပြီး အချိန်မရွေး အကြမ်းဖက်မှု ပေါ်ပေါက်လာနိုင်လို့ ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေ အင်ဒိုနီးရှားကို ရောက်လာဖွယ်ရာရှိကြောင်း၊ အင်ဒိုနီးရှား အနေနဲ့လည်း ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံပေးဖို့ တာဝန်ရှိကြောင်း HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှူး Phil Robertson က မနေ့က ပြောကြားလိုက်ပါတယ်။
2012-08-10
တူရကီ နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ဟာ ဒီကနေ့ ရခိုင်ပြည်နယ်ကို ရောက်ရှိပြီး ဒုက္ခသည် စခန်းတချို့ကို သွားရောက် လေ့လာခဲ့ပါတယ်။
2012-08-10
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တားနားရဲ့ နေရာကို အခြားသူတစ်ဦးနဲ့ အစားထိုးပေးဖို့ နိုင်ငံရေးပါတီ ၂၄ ခု ခေါင်းဆောင်တွေက ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ် မစ္စတာ ဗီဂျေး နမ်ဘီယားရဲ့ နိုင်ငံရေးအကြံပေး Mrs. Marianne Hagen နဲ့ ဒီကနေ့ တွေ့ဆုံစဉ် တိုက်တွန်း ပြောကြားလိုက်ပါတယ်။
2012-08-10
မြန်မာနိုင်ငံ တရားရေးမဏ္ဍိုင်နဲ့ ပြည်သူလူထု ရပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအောင်ကိုက ပြည်သူ့လွှတ်တော်ကို ဒီကနေ့ အစီရင်ခံစာတစ်စောင် တင်ပြခဲ့ပါတယ်။
2012-08-10
မြန်မာအစိုးရက မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီ အမည်နဲ့ စာနယ်ဇင်း အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းလိုက်တဲ့အကြောင်း ဒီနေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2012-08-10
၁၉၆၂ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ တက္ကသိုလ် ဆရာ ဆရာမများအသင်းကို အသင်းဝင် ဦးရေ (၅၀၀)ကျော်နဲ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ ဒီကနေ့ စတင် ဖွဲ့စည်းလိုက်ပါတယ်။
2012-08-09
ရခိုင်ပြည်နယ်က လူမျိုးရေး တင်းမာမှုတွေကို အထူးစိုးရိမ်နေဆဲ ဖြစ်ပေမဲ့ OIC အစ္စလာမ်မစ်နိုင်ငံများအဖွဲ့က စွပ်စွဲသလို လူမျိုးတုံး သတ်ဖြတ်နေတယ်ဆိုတာ မဟုတ်မမှန်တဲ့အကြောင်း အမေရိကန်ပြည်ထောင်စုက ပြောကြားလိုက်ပါတယ်။
2012-08-09
ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေရဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ပေါ်ထွန်းရေး စစ်ကိုင်းတိုင်း ခရီးစဉ်အတွင်း မုံရွာမြို့မှာ မြို့ခံပြည်သူတွေနဲ့ တွေ့ဆုံနိုင်ဖို့ ခန်းမငှားရမ်းရာမှာ အာဏာပိုင်တွေက မနေ့က ညနေပိုင်းအထိ ငှားရမ်းခွင့် တားမြစ် ပိတ်ပင်ထားခဲ့ပေမယ့် အခုတော့ ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။
2012-08-09
အိမ်နီးချင်းမြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ရောက်လာတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာ ဒုက္ခသည်တွေကို လူသားချင်းစာနာရေး အဖွဲ့တွေက အကူအညီ ဆက်လက်ပေးခွင့်ပြုဖို့ EU ဥရောပကော်မရှင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မနေ့က တိုက်တွန်းလိုက်ပါတယ်။
2012-08-09
ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က စစ်တွေမြို့မှာ ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ပါဝင်တယ်လို့ ယူဆရသူတွေကို စစ်တပ်နဲ့ အာဏာပိုင်တွေက လိုက်လံ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။
2012-08-09
မြန်မာနိုင်ငံမှာ ပြည်တွင်း နေရာရွှေ့ပြောင်းကြရသူတွေ ငါးသိန်းလောက်ရှိနေပြီး လူသားချင်းစာနာရေး အကူအညီလိုအပ်မှုတွေ တိုးတက်များပြား လာနေတဲ့အတွက် အစိုးရအနေနဲ့ ကူညီရေးအဖွဲ့အစည်းတွေကို ဒေသမရွေး သွားရောက်ကူညီခွင့်ပြုဖို့ ကုလသမဂ္ဂက မနေ့က တိုက်တွန်းလိုက်ပါတယ်။
2012-08-09
မြန်မာနိုင်ငံကို ရောက်နေတဲ့ တူရကီ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ Ahmet Davutoglu ဟာ သမ္မတ ဦးသိန်းစိန်ကို ဒီကနေ့ မနက်ပိုင်းက နေပြည်တော် သမ္မတ အိမ်တော်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံ ဆက်ဆံရေး၊ စီးပွားရေးနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ လူမျိုးရေး ပဋိပက္ခတွေကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံ သမ္မတရုံးက သတင်း ထုတ်ပြန်ပါတယ်။
2012-08-09
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေအကြား ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း သေဆုံးသူ (၇) ဦးအထိရှိခဲ့ပြီး၊ ကျောက်တော်မြို့နယ် တစ်ခုလုံးကို မနေ့က ပုဒ်မ-၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က RFA ကိုပြောပါတယ်။
2012-08-09
မန္တလေးတိုင်း၊ မြစ်သားမြို့ကို ရောက်ရှိနေတဲ့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေကို စမာရေလွှဲဆည် တည်ဆောက်မှု ရပ်တန့်ရေး အတွက် မြို့သူ မြို့သားတွေက စုပေါင်း လက်မှတ်ရေးထိုးပြီး ပွင့်လင်း လူ့အဖွ့ဲအစည်း ဟောပြောပွဲမှာ ဒီကနေ့ အကူအညီ တောင်းခံခဲ့တယ်လို့ သိရပါတယ်။
2012-08-09
နိုင်ငံရေး အကျဉ်းသားဟောင်း မန္တလေး မစိုးရိမ်ဆရာတော် ဦးဝီရသူ ထူထောင်ထားတဲ့ ကလေးလုပ်သား ပညာရေး ဖောင်ဒေးရှင်းကနေ ချို့တဲ့ဆင်းရဲတဲ့ ကျောင်းသူ ကျောင်းသားတွေအတွက် လောက အလင်း ၁၀ တန်းကျူရှင် ပညာဒါနကျောင်းကို မန္တလေးမြို့ ချမ်းမြသာစည်မြိုနယ်မှာ ဒီကနေ့ ဖွင့်လှစ်လိုက်ပါတယ်။