ပွင့်လင်းလူ့အဖွဲ့အစည်း တွေ့ဆုံပွဲ ခန်းမငှားရမ်းခွင့်ပြု

ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေရဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ပေါ်ထွန်းရေး စစ်ကိုင်းတိုင်း ခရီးစဉ်အတွင်း မုံရွာမြို့မှာ မြို့ခံပြည်သူတွေနဲ့ တွေ့ဆုံနိုင်ဖို့ ခန်းမငှားရမ်းရာမှာ အာဏာပိုင်တွေက မနေ့က ညနေပိုင်းအထိ ငှားရမ်းခွင့် တားမြစ် ပိတ်ပင်ထားခဲ့ပေမယ့် အခုတော့ ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။

2012.08.09

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက အထက်အာဏာပိုင်တွေထံ တင်ပြခဲ့တာကြောင့် အခုလို ခွင့်ပြုလိုက်တာလို့ ဒီခရီးစဉ်ကို ဦးဆောင် စီစဉ်သူတစ်ဦးဖြစ်တဲ့ မုံရွာဒေသခံ (၈၈) မျိုးဆက် ကျောင်းသူ မသီတာဝင်းက RFA ကို ပြောပါတယ်။

မုံရွာမြို့လယ်က ရာပြည့်ခန်းမကို ငှားရမ်းရာမှာ ခရိုင်အဆင့် အာဏာပိုင်က ခွင့်မပြုခဲ့တာ ဖြစ်ပါတယ်။ အခုတိုင်းအဆင့် အာဏာပိုင်တွေက ခွင့်ပြုလိုက်ပြီ ဖြစ်တာကြောင့် ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ မုံရွာလူထု တွေ့ဆုံပွဲကို မူလစီစဉ်ထားတဲ့အတိုင်း အဲဒီ ရာပြည့်ခန်းမမှာ ဒီကနေ့ ပြုလုပ်မယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။