အမြုတေ စာနယ်ဇင်းကောင်စီ ဖွဲ့စည်း
2012.08.10

အဲဒီအဖွဲ့ဟာ လက်ရှိတည်ဆဲ ဥပဒေတွေနဲ့အညီ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိန်သိမ်းစောင့်ရှောက်ရမယ့် တာဝန်ရှိသလို စာနယ်ဇင်းကျင့်ဝတ်တွေ ရေးဆွဲပြဋ္ဌာန်းပြီး ကျင့်ဝတ်ချိုးဖောက်ရင် လိုအပ်သလို အရေးယူရမယ့်အဖွဲ့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ် အငြိမ်းစား တရားရုံးချုပ် တရားသူကြီး ဦးခင်မောင်အေးနဲ့ အတွင်းရေးမှူးအဖြစ် သတင်းစာဆရာ ကိုကို (စက်မှုတက္ကသိုလ်) တို့ကို တာဝန်ပေးထားပါတယ်။
အဖွဲ့ဝင် အယောက်နှစ်ဆယ်ပါဝင်တဲ့ ဒီအဖွဲ့မှာ စာရေးဆရာ မောင်ဝံသ၊ အယ်ဒီတာ ဦးသီဟစောနဲ့ ရိုက်တာသတင်းဌာနက ဦးအောင်လှထွန်းတို့ ပါဝင်လာပြီး ကျန်အဖွဲ့ဝင် အများစုက အရင်စာပေနဲ့ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်ဟောင်းတွေ ဖြစ်တယ်လို့ ပြည်တွင်း မီဒီယာသမားတွေက ပြောပါတယ်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအဖွဲ့ဟာ လွတ်လပ်တဲ့ အဖွဲ့တစ်ဖွဲ့ ပုံစံမပေါက်ဘဲ အစိုးရဝန်ထမ်းတွေလို ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်တွေဟာ ပြည်သူ့ဝန်ထမ်း တစ်ဦးရဲ့ အခွင့်အာဏာတွေ ရရှိစေရမယ်လို့ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ပါဝင်ပါတယ်။
အခုလို မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီ ဖွဲ့လိုက်တာနဲ့ ပတ်သက်လို့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ သတင်းစာဆရာ ဆရာမောင်ဝံသနဲ့ အဖွဲ့ရဲ့ အတွင်းရေးမှူး ဆရာကိုကို စက်မှုတက္ကသိုလ် တို့ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |