မြန်မာအစိုးရက ပဋိပက္ခတွေ ရပ်တန့်သွားအောင် လုပ်နိုင်ပေမဲ့ အကာအကွယ် ပေးဖို့ကိုတော့ ပျက်ကွက်ခဲ့တယ်လို့ ရခိုင်နဲ့ ရိုဟင်ဂျာ နှစ်ဖက်စလုံးက HRW ကို ပြောကြားတယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ် အခြေအနေတွေ မပြောင်းလဲဘူးဆိုရင် လာမယ့် အောက်တိုဘာလကနေ မတ်လအတွင်း ဘင်္ဂါလီ ရိုဟင်ဂျာလှေတွေ အတော်များများ အင်ဒိုနီးရှားကို ရောက်လာဖွယ်ရှိပြီး သူတို့ကို လက်ခံစောင့်ရှောက်ဖို့ အင်ဒိုနိးရှားအစိုးရမှာ တာဝန်ရှိတာနဲ့အညီ သူတို့ကို ယာယီ ဒုက္ခသည် စခန်းတွေမှာထားပြီး အကူအညီပေးဖို့ Mr Robertson က ပြောပါတယ်။