လူသားချင်းစာနာရေး အကူအညီ ဆက်လက်လုပ်ကိုင်ခွင့်ပြုဖို့ EU တိုက်တွန်း
2012.08.09

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဒုက္ခသည်တွေကို ဆက်လက်နှင်ထုတ်နေပြီး လွန်ခဲ့တဲ့ သီတင်းပတ်က နယ်စပ်ဒေသမှာ လုပ်ငန်းဆောင်ရွက်နေတဲ့ အစိုးရမဟုတ်တဲ့ NGO အဖွဲ့သုံးခုကို လုပ်ငန်းတွေ ရပ်ဆိုင်းပစ်လိုက်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အမိန့် ထုတ်ပြန်ခဲ့ပါတယ်။
အီးယူ ဥရောပသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေး မဟာမင်းကြီး Ms. Georgieva က ဘင်္ဂလီရိုဟင်ဂျာတွေရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး အထူး စိုးရိမ်မကင်း ဖြစ်ရတယ်လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရဟာ တာဝန်သိသိ ဆောင်ရွက်ဖို့ အထူးတလည် မေတ္တာရပ်ခံကြောင်း၊ ဒါ့အပြင် လိုအပ်နေသူတွေ အားလုံးကို အကူအညီပေးဖို့နဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့တွေကိုလည်း အားလုံးအတွက် အကျိုးကျေးဇူးရှိမယ့် လုပ်ငန်းတွေ ဆောင်ရွက်ခွင့်ပေးဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းကြောင်း သူ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
စာရွက်စာတမ်း အထောက်အထားမရှိတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာ ၂၀၀,၀၀၀ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နေထိုင်နေကြတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောပါတယ်။
ဥရောပသမဂ္ဂဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ဒုက္ခသည်တွေအတွက် ဒီနှစ်ထဲ ယူရို ၁၀ သန်း အကူအညီပေးဖို့ လျာထားပါတယ်။