သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-02-15
စစ်ကောင်စီက ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၁၃ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဟာ ဘာရလဒ်မှမထွက်ဘဲ ပြီးဆုံးခဲ့ပါတယ်။
2022-02-15
KNU တပ်မဟာ (၅) နယ်မြေထဲက စစ်ကောင်စီစခန်း တချို့ကို KNLA က တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီက ခုနှစ်ယောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
2022-02-15
မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ ကားတစ်စီးကို စစ်တပ်က ပစ်ခတ်ခဲ့ရာ မိန်းကလေးတစ်ဦး သေဆုံးပြီး ကျန်ငါးဦးလည်း အဖမ်းခံရပါတယ်။
2022-02-15
ကလေးမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် လူ ၁၅၀၀ ခန့် ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။
2022-02-15
ရခိုင်ပြည်နယ်၊ ကျောက်ဆိပ်ရွာက ဒေါ်နီနီအေးဟာ ရခိုင်ရိုးရာ လက်လုပ်မုန့်တွေကို ရောင်းချရင်း သူ့သားပြန်လာမယ့်နေ့ကို မျှော်နေပါတယ်။
2022-02-15
တန့်ဆည်မြို့နယ် ကာပေါင်းကျရွာမှာ တပ်စွဲထားတဲ့ စစ်သားတွေ အကြိမ်ကြိမ် မိုင်းဆွဲခံရလို့ ငါးရက်အတွင်း ၃၀ ခန့် သေဆုံးခဲ့ပါတယ်။
2022-02-15
သိန္နီမြို့နယ်မှာ ဖေဖော်ဝါရီ ၁၃ ရက်က စစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်တပ်ဘက်က တိုက်လေယာဉ်နဲ့ ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
2022-02-15
ကျောက်ထုမြို့ကနေ ဆောမြို့ကို ချီတက်လာတဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်မှာ စစ်သား ၂၅ ဦးထက် မနည်း သေဆုံးတယ်လို့ ဆော PDF က ပြောပါတယ်။
2022-02-15
နေပြည်တော် PDF သုံးဖွဲ့က စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းတွေကို ရာထူးကနေ နုတ်ထွက်ကြဖို့ ဒီနေ့မှာ သတိပေးထားပါတယ်။
2022-02-15
ရန်ကုန်ဆေးရုံကြီးမှာ ဆရာဝန်နဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ကိုဗစ်ကူးခံရလို့ ပြင်ပလူနာဌာန ခြောက်ခု ယာယီပိတ်ထားတယ်လို့ထုတ်ပြန်ပါတယ်။
2022-02-15
မြစ်ကြီးနားမြို့ စံပြလမ်းမပေါ် ဒူကထောင်ရပ်ကွက်မှာ ဖေဖော်ဝါရီ ၁၄ ရက် က ဗုံးတစ်လုံး ပေါက်ကွဲခဲ့လို့ ဒေသခံသုံးဦး ဒဏ်ရာရခဲ့ပါတယ်။
2022-02-15
ကလေးမြို့ အောင်သစ္စာရပ်ကွက်က အိမ်တစ်အိမ်မှာ ဖေဖော်ဝါရီ ၁၄ ရက်က ဒေသခံ သုံးယောက်ကို စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။
2022-02-14
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တာ တနှစ်ပြည့်မြောက်ခဲ့ပြီးတဲ့နောက် နိုင်ငံတွင်းကို လာရောက် လုပ်ကိုင်နေကြတဲ့ ပြည်ပ လုပ်ငန်းကုမ္ပဏီတွေအနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး လုပ်ငန်း အတော်များများ နိုင်ငံတွင်းက ထွက်ခွာနေကြပါတယ်။
2022-02-14
ပြည်သူနဲ့ ပူးပေါင်းခဲ့တဲ့ ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဗိုလ်ကြီး မင်းမောင်မောင်ကလည်း အခြေအနေအရ စစ်ကောင်စီကို စွန့်ခွာသူဦးရေကို အတိအကျ သိဖို့ ခက်ကြောင်း၊ ဒါပေမယ့် တစ်သောင်းကျော်ပြီလို့ သူခန့်မှန်းကြောင်း ပြောပါတယ်။
2022-02-14
ဖေဖော်ဝါရီ လဝက်အတွင်းမှာပဲ ထိုင်းနိုင်ငံသား ပွဲစား ၁၈ ဦးနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်ထောင်ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။