သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-09-12
ABSDF ကျောင်းသားတပ်မတော် ခေါင်းဆောင်ဟောင်းတွေ ဖြစ်ကြတဲ့ ဦးမိုးသီးဇွန်နဲ့ ဦးထွန်းအောင်ကျော်တို့ ဦးဆောင်တဲ့အဖွဲ့ဟာ ၁၉၈၈ ခုနှစ်ကစလို့ ရွှေဝါရောင် တော်လှန်ရေးနဲ့ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှု တလျှောက်မှာ ကျဆုံးသွားခဲ့တဲ့ ရဟန်းရှင်လူ ပြည်သူ အပေါင်းကို ရည်စူးပြီး ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ တောင်ဥက္ကလာပ မြို့နယ်မှာရှိတဲ့ ငွေကြာယံ ပရိယတ္တိ စာသင်တိုက်မှာ အမျှအတန်းဝေမှု ပြုလုပ်ခဲ့ပါတယ်။
2012-09-12
ရန်ကုန်တိုင်း မှော်ဘီမြို့နယ် အမှတ် (၄) ရပ်ကွက် မှာ ရပ်ကွက်တွင်း ပြည်သူတွေကို အသိမပေးပဲ အထက်အာဏာပိုင်တွေက ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် ပဏာမ ရွေးချယ်ထားတဲ့ လူပုဂ္ဂိုလ်တွေကို လက်မခံနိုင်ကြောင်း ရပ်ကွက်သူ၊ ရပ်ကွက်သား ၂၅၀၀ ကျော် စုပေါင်း လက်မှတ်ထိုးပြီး မြိုနယ်အုပ်ချုပ်ရေးမှူးထံကို ဒီကနေ့ စာတင်လိုက်တယ်လို့ သိရပါတယ်။
2012-09-12
နာမည်ကျော် မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့က ဂီတပညာရှင် ကိုရဲလွင် ဦးဆောင်တဲ့ ပန်းရဲ့လမ်း လူမှုကွန်ယက် အဖွဲ့ကနေ ဧရာဝတီတိုင်း ရေဘေး ဒုက္ခသည်တွေအတွက် မကွေးတိုင်းအတွင်း သွားရောက်ခဲ့တဲ့ ကူညီရေး အလှူခံ ခရီးစဉ်အတွင်း အကူအညီပေးခဲ့သူ မကွေးမြို့က ဦးမောင်မောင်စိုးကို မြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး အက်ဥပဒေ ပုဒ်မ ၂၆/၂၇အရ ဒီကနေ့ တရားစွဲဆို လိုက်တယ်လို့ RFA က စုံစမ်းသိရပါတယ်။
2012-09-12
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် ပြည်ထောင်စုကို ဒီလ (၁၇)ရက်နေ့ ရောက်ရှိမှာ ဖြစ်ပြီး အောက်တိုဘာလ ပထမအပတ် အထိ နေထိုင်မှာ ဖြစ်ပါတယ်။
2012-09-11
ပြည်ထောင်စု ဝန်ကြီးတွေ ဖြစ်ကြတဲ့ ဦိးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးခင်ရီတို့ ပါဝင်တဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဟာ နေပြည်တော်မှာ ရောက်ရှိနေတဲ့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပညာရှင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2012-09-11
ကမ္ဘာအရပ်ရပ်မှာ ရှိကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ပြည်တွင်းရှိ မိသားစုတွေ စိတ်ချလက်ချ ငွေပေးငွေယူ ငွေလွှဲပို့ပေးနိုင်ဖို့အတွက် အမေရိကန်အခြေစိုက် ကမ္ဘာကျော် Western Union ကုမ္ပဏီက လာရောက် လုပ်ငန်းဖော်ဆောင်တော့မယ်လို့ သိရပါတယ်။
2012-09-11
နိုင်ငံရေး အကျဉ်းသားဟောင်း ရှေ့နေများကွန်ယက် အဖွဲ့ဝင် ဦးသိန်းသန်းဦးဟာ နှလုံးရောဂါ ဖိစီးတဲ့အတွက် လွန်ခဲ့တဲ့ နှစ်ပတ်ကျော်ကတည်းက မန္တလေးဆေးရုံကြီးမှာ တက်ရောက် ကုသနေရပါတယ်။ သူဟာ နှလုံးသွေးကြော သုံးချောင်းပိတ်တဲ့ အခြေအနေကို ဆိုက်ရောက်နေလို့ ပြည်ပမှာ အပူတပြင်း ခွဲစိတ်ကုသမှုခံယူဖို့လိုအပ်နေပေမဲ့ နိုင်ငံကူးလက်မှတ် မရရှိတဲ့အတွက် ခရီးကြန့်ကြာနေတယ်လို့သိရပါတယ်။
2012-09-11
မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင် ၄၀ ကျော်မှာ ကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသား သုံးရာကျော်ကို အမြန်ဆုံး လွှတ်ပေးရေး၊ ကျန်ရှိနေသေးတဲ့ ပြည်ပရောက် ဒီမိုကရေစီ အင်အားစုတွေ ပြည်တွင်းကို သိက္ခာရှိရှိ လုံလုံခြုံခြုံ မြန်မာနိုင်ငံကို ပြန်လာနိုင်ရေး တောင်းဆိုထားတဲ့ စာတစ်စောင်ကို သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ဒီကနေ့ မနက်က ပေးပို့လိုက်ကြောင်း ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ပြောကြားပါတယ်။
2012-09-11
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ကို အင်္ကျ ီဆင်တူဝတ်ပြီး ဘုရားဖူးလာတဲ့ ဝက်မှေးကျေးရွာ ဒေသခံ အမျိုးသမီး (၁၂) ဦးထဲက (၉) ဦးကို မနေ့ ညက ပြန်လွှတ်ပေးလိုက်တယ်လို့ စုံစမ်းသိရပါတယ်။
2012-09-11
အိန္ဒိယ လွှတ်တော်အမတ် Dr.Thokchom Meinya ဦးဆောင်တဲ့ အဖွဲ့ဝင် (၆) ဦးတို့ဟာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုပြုံးချိုတို့နဲ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈ မျိုးဆက် ကျောင်းသားများ ရုံးခန်းမှာ ဒီကနေ့ နေ့လည်ပိုင်းက ပထမဦးဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
2012-09-11
၂၀၁၂ ဧပြီလမှာ ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ မတရားတဲ့ နည်းလမ်းတွေနဲ့ မဲဆွယ်ခဲ့လို့ အနိုင်ရသွားတာပါ ဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ်လောင်း ဒေါ်လဲ့လဲ့ဝင်းက NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကို တရားစွဲဆို ထားတဲ့အမှု ဒီကနေ့ ရှုံးနိမ့်သွားပါတယ်။
2012-09-11
ကမ္ဘာ့နာမည်ကြီး ကိုကာကိုလာ ကုမ္ပဏီက မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် ကိုကာကိုလာ ဖျော်ရည်တွေကို တရားဝင် စတင်ပို့ဆောင်လိုက်ပြီလို့ မနေ့က ကြေညာလိုက်ပါတယ်။
2012-09-11
ကချင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေ ရပ်ဆိုင်းရေးအတွက် ကရင်နီ တိုးတက်ရေးပါတီ KNPP အဖွဲ့နဲ့ ၈၈ ကျောင်းသားများ အဖွဲ့တို့ ဒီကနေ့ လွိုင်ကော်မြို့မှာ တွေ့ဆုံပွဲကနေ ပူးတွဲကြေညာချက် တစ်စောင်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2012-09-11
ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက တိုင်းပြည် တိုးတက်ဖို့ဆိုရင် ညီညီညွတ်ညွတ်နဲ့ ပူးပေါင်း ဆောင်ရွက်ကြဖို့နဲ့ တပ်မတော်အနေနဲ့လည်း ပြည်သူတွေ လေးစားတဲ့ တပ်မတော်ဖြစ်အောင် လုပ်ဆောင်ကြဖို့ ဒီကနေ့မှာ ကျရောက်တဲ့ သူ့ရဲ့ (၉၁) နှစ်မြောက် မွေးနေ့မှာ ပြောကြားလိုက်ပါတယ်။
2012-09-10
ပြီးခဲ့တဲ့ဇွန်လက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေရဲ့ဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်းက လူသားချင်း စာနာကူညီရေးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက အထူးစိုးရိမ်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ပြောကြား လိုက်ပါတယ်။