အလှူခံခရီးစဉ် ကူညီသူကို မြို့နယ်အုပ်ချုပ်ရေးမှူး တရားစွဲ
2012.09.12
အသံချဲ့စက်ဖွင့်တာ အကြောင်းပြပြီး အာဏာပိုင်တွေက တရားစွဲဆိုတာဟာ လူမှုကွန်ယက်အဖွဲ့အစည်းတွေကို လုပ်ငန်းဆောင်ရွက်ခွင့် လုံးဝမရအောင် တားဆီးတာ ဖြစ်တယ်လို့ တရားစွဲခံရသူ ဦးမောင်မောင်စိုးက RFA ကို ပြောပါတယ်။
လူမှုရေးကူညီသူ ဦးမောင်မောင်စိုးကို အာဏာပိုင်တွေဘက်က အခုလို တရားစွဲဆိုလိုက်တာကို မကွေးမြို့နယ် လူမှုအဖွဲ့အစည်းတွေက မကျေနပ်ဘဲ ဆန္ဒပြဖို့အထိ လုပ်ဆောင် သွားကြမယ်လို့ မကွေးမြို့ လူမှုအဖွဲ့အစည်း တစ်ခုမှ အဖွဲ့ဝင်တစ်ဦးက အခုလိုပြောပါတယ်။
"ကျွန်တော်တို့က NGO အဖွဲ့တွေဗျာ။ သွေးပါရမီ၊ NLD လူငယ်အဖွဲ့၊ ပွင့်လင်း လူ့ဘောင်အဖွဲ့ ဖော်ဆောင်ရေး အဖွဲ့နဲ့ မြို့သူ၊ မြို့သား အားလုံးက ဒီပန်းရဲ့လမ်းကို ဝိုင်းဝန်း ကူညီတာကို အာဏာပိုင်က ကိုခင်မောင်စိုး တစ်ယောက်ကိုပဲ ခေါင်းစဉ်တပ်ပြီးတော့ တရားစွဲတာ မကျေနပ်ဘူးခင်ဗျ။ အဲတာကို။ ကျွန်တော်တို့ကတာ့ campaign လုပ်မယ်။ ဆန္ဒပြမယ်။ ဆန္ဒဖော်ထုတ်မယ်။ နို့မိုဆိုရင် အာဏာပိုင်တွေက အမြဲတမ်း ဒီလိုပဲ ဖိနှိပ်နေမယ်။ မကွေးမြို့က အဆိုးဆုံးပေါ့ဗျာ"
အကူအညီပေးသူ ဦးမောင်မောင်စိုးကို မြို့နယ် အုပ်ချုပ်ရေးမှူးက တရားစွဲဆိုတာကို အခုလ (၁၇) ရက်နေ့မှာ ရုံးချိန်း ခေါ်ယူထားတယ်လို့ သိရတယ်။