ဒေါ်အောင်ဆန်းစုကြည် ယခုလ ၁၇ ရက် အမေရိကန်ပြည်ထောင်စု ရောက်မည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် ပြည်ထောင်စုကို ဒီလ (၁၇)ရက်နေ့ ရောက်ရှိမှာ ဖြစ်ပြီး အောက်တိုဘာလ ပထမအပတ် အထိ နေထိုင်မှာ ဖြစ်ပါတယ်။

2012.09.12

ဒီအတောအတွင်း မြန်မာ သမ္မတ ဦးသိန်းစိန်ကတော့ နယူးယောက်မြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့အတွက် ဒီလ ၂၄ ရက်နေ့မှာ မြန်မာနိုင်ငံက ထွက်ခွာမှာဖြစ်ပြီး အမေရိကန် ပြည်ထောင်စုမှာ ၃ ရက်ကြာ နေထိုင်မယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ် စစ်အစိုးရ လက်ထက်တုန်းက ဦးသိန်းစိန်ဟာ ဝန်ကြီးချုပ်အဖြစ်နဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ခဲ့ဖူးပါတယ်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ အခြေစိုက် မဟာဗျူဟာ လေ့လာရေးဌာန CSIS က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အမေရိကန် သမ္မတ အိုဘားမား အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးမယ်ဆိုရင် သမ္မတ ဦးသိန်းစိန်နဲ့ပါ တွေ့ဆုံ ဆွေးနွေးဖို့ လိုအပ်ကြောင်း အမေရိကန် အစိုးရကို အကြံပြုထားပါတယ်။

အပြည့်အစုံကို RFA အဖွဲ့သား ဦးဝင်းနိုင်က တင်ပြထားတာ နားဆင်ပါ။

တင်ပြချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။