ပြည်သူတစ်ရပ်လုံးကြည်ညိုတဲ့ တပ်မတော်ဖြစ်အောင် ဆောင်ရွက်ဖို့ သခင်ချန်ထွန်းတိုက်တွန်း

ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက တိုင်းပြည် တိုးတက်ဖို့ဆိုရင် ညီညီညွတ်ညွတ်နဲ့ ပူးပေါင်း ဆောင်ရွက်ကြဖို့နဲ့ တပ်မတော်အနေနဲ့လည်း ပြည်သူတွေ လေးစားတဲ့ တပ်မတော်ဖြစ်အောင် လုပ်ဆောင်ကြဖို့ ဒီကနေ့မှာ ကျရောက်တဲ့ သူ့ရဲ့ (၉၁) နှစ်မြောက် မွေးနေ့မှာ ပြောကြားလိုက်ပါတယ်။

2012.09.11
thakin-chan-tun-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်က ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ကျောက်ကုန်းရှိ မဟာဗောဓိ ကျောင်းတိုက်တွင် ဝါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း သတင်းထောက်များနှင့် တွေ့ဆုံနေစဉ်။
RFA

သခင်ချန်ထွန်းရဲ့ မွေးနေ့ကို ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ကျောက်ကုန်းမှာရှိတဲ့ မဟာဗောဓိ ကျောင်းတိုက်မှာ သံဃာတော် အပါး ၂၈၀ ကို ဆွမ်းကပ်ပြီး နိုင်ငံရေး မိတ်ဆွေတွေနဲ့ တွေ့ဆုံပွဲ လုပ်ခဲ့ကြောင်း သခင်ချန်ထွန်းက ပြောပါတယ်။

"အမှတ်တရ ပြောချင်တာကတော့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့ဆိုရင် တိုင်းပြည် တစ်ပြည်လုံးဟာ ညီညွတ်ဖို့ လိုတယ်လေ။ ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်ကြဖို့ လိုတယ်။ ကမ္ဘာကနေ အလေးပြု ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်မှုကို ယူပြီးတော့ တစ်တိုင်း တစ်ပြည်လုံးက တိုင်းပြည်ရဲ့ စီးပွားဖွံ့ဖြိုး တိုးတက်မှုအတွက် ဝိုင်းဝန်း ဆောင်ရွက်ကြရင် အမှန်ကြီးပွား တိုးတက်လာမယ်လို့ ဒီလိုပဲ ယုံကြည်ပါတယ်။ တပ်မတော် အနေနဲ့ကတော့ ဒါက နိုင်ငံရေး ကင်းကင်းရှင်းရှင်းနဲ့ ပြည်သူလူထု တစ်ရပ်လုံးရဲ့ အကြည်ညိုခံရတဲ့ တပ်မတော် ဖြစ်အောင် ကြိုးစား ဆောင်ရွက်ဖို့ လိုတယ်လို့ ဒီလိုပဲ ပြောချင်ပါတယ်"

သခင်ချန်ထွန်းရဲ့ မွေးနေ့ပွဲကို NLD ပါတီ ခေါင်းဆောင်တွေအပြင် တိုင်းရင်းသား ခေါင်းဆောင် တချို့နဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ခေါင်းဆောင်တချို့ စုစုပေါင်းလူ ၆၀ နီးပါး တက်ရောက်ကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။