ကိုကာကိုလာဖျော်ရည် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် တင်ပို့

ကမ္ဘာ့နာမည်ကြီး ကိုကာကိုလာ ကုမ္ပဏီက မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် ကိုကာကိုလာ ဖျော်ရည်တွေကို တရားဝင် စတင်ပို့ဆောင်လိုက်ပြီလို့ မနေ့က ကြေညာလိုက်ပါတယ်။

2012.09.11

ကိုကာကိုလာ ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ စက်ရုံတည်ဆောက် ထုတ်လုပ်ရေးအတွက် မြန်မာနိုင်ငံက ပင်းယကုမ္ပဏီနဲ့ ဖက်စပ်ထုတ်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လာမယ့် ၃ နှစ်အတွင်း မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံသွားဖို့ရှိပြီး မြန်မာနိုင်ငံသား ၂ဝဝဝ လောက်ကို အလုပ်အကိုင် ဖန်တီးပေးနိုင်မယ်လို့လည်း သမ္မတရုံးက ပြီးခဲ့တဲ့ စက်တင်ဘာလက ထုတ်ပြန် ကြေညာကြောင်း သိရပါတယ်။

ကိုကာကိုလာ ဖျော်ရည်ကို အိမ်နီးချင်း နိုင်ငံတွေကနေ မြန်မာနိုင်ငံကို အရင်နှစ်ပေါင်းများစွာ တင်ပို့ ရောင်းချနေကြပေမယ့် ကုမ္ပဏီရဲ့ တရားဝင် ခွင့်ပြုချက်နဲ့ မဟုတ်ပါဘူး။

ကိုကာကိုလာနည်းတူ ပြိုင်ဖက် ပက်စီကုမ္ပဏီကလည်း မြန်မာနိုင်ငံမှာ ပက်စီဖျော်ရည်စတင်ရောင်းချနိုင်ဖို့ ပြင်ဆင်နေပြီ ဖြစ်ကြောင်း ပြီးခဲ့တဲ့လက ကြေညာခဲ့ပါတယ်။

ပက်စီကုမ္ပဏီဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ နောက်ပိုင်းမှာ မြန်မာနိုင်ငံ ဈေးကွက်ကို ဝင်ရောက်ခဲ့ပေမယ့် အမေရိကန်နဲ့ အနောက်နိုင်ငံတွေမှာ ပက်စီကုမ္ပဏီ သပိတ်မှောက်ရေး လှုပ်ရှားမှုတွေကြောင့် မြန်မာနိုင်ငံ ဈေးကွက်က ရုပ်သိမ်းခဲ့ရပါတယ်။

အခုတော့ ပြိုင်ဖက်ကုမ္ပဏီကြီး နှစ်ခု မြန်မာ့ဈေးကွက်မှာ ပြန်လည် နေရာ ယူလာကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။