ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း အမှုရှုံးနိမ့်

၂၀၁၂ ဧပြီလမှာ ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ မတရားတဲ့ နည်းလမ်းတွေနဲ့ မဲဆွယ်ခဲ့လို့ အနိုင်ရသွားတာပါ ဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ်လောင်း ဒေါ်လဲ့လဲ့ဝင်းက NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကို တရားစွဲဆို ထားတဲ့အမှု ဒီကနေ့ ရှုံးနိမ့်သွားပါတယ်။

2012.09.11
phyu-phyu-thin-b305 NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်း မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ပြုလုပ်နေစဉ်။
RFA

NLD ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းရဲ့ မဲဆွယ်နည်းလမ်းတွေ မတရားဘူးလို့ စွပ်စွဲပြီး သူ့ကို တရားစွဲခဲ့တာသာ ဖြစ်တယ်လို့ ဒေါ်ဖြူဖြူသင်းက ရှင်းပြပါတယ်။

"အဓိက အချက်အလက်တွေကတော့ ငွေပေးပြီး စည်းရုံးတာတို့ ပြည်သူလူထုကို၊ နောက်တစ်ချက်ကတော့ ကျွန်မတို့ အသံချဲ့စက်တွေသုံးပြီး ဥပဒေ ပုဒ်မတွေနဲ့ ငြိတယ်တို့၊ နောက်စက်ဘီး၊ ကားတွေမှာ စတစ်ကာ ကပ်တဲ့ကိစ္စတွေ အဲတာတွေကို သူတို့ကအဓိကထားပြီး စွဲဆိုပြီးတော့ ကျွန်မတို့ကို ဒါ ခိုင်လုံမဲ မဟုတ်ဘူး။ ဒါ မတရားသဖြင့် ယူထားတာဆိုပြီးတော့ စွဲဆိုတာ"

နှစ်ဖက်သက်သေတွေကို စစ်ဆေးအပြီး NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကို နေပြည်တော် ရွေးကောက်ပွဲကော်မရှင် ခုံရုံးက အနိုင်ပေးလိုက်တာ ဖြစ်ပါတယ်။

ဒီလိုအနိုင်ရတဲ့အတွက် ဒေါ်လဲ့လဲ့ဝင်းက ဒေါ်ဖြူဖြူသင်းကို လျှော်ကြေးငွေ ၅ သိန်း ပေးရမှာ ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။