သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-06-09
ပြည်သူတွေအနေနဲ့ တာဝန်ယူတတ်တဲ့ စိတ်ဓါတ်မျိုးရှိမှ အုပ်ချုပ်တဲ့အစိုးရကို ပြည် သူက ချုပ်ကိုင်လို့ရမှာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြော လိုက်ပါတယ်။
2013-06-09
နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန် တွေ့ဆုံဆွေးနွေးဖို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့ ရှမ်းပြည်တောင်ပိုင်းတပ်မတော် SSA တောင်ပိုင်းကအဖွဲ့ဝင် ၂ဝ ကျော်ဟာ ဒီကနေ့ ဇွန်လ ၉ ရက်နေ့မှာ ထိုင်း-မြန်မာနယ်စပ်ကတဆင့် တာချီလိတ်မြို့ ကနေ လေယာဉ်ခရီးနဲ့ ထွက်ခွာသွားကြောင်း သိရပါတယ်။
2013-06-09
အမေရိကန် ပြည်ထောင်စုမှာ ရောက်ရှိနေ တဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေတာကြောင့် ခေတ်ဟောင်းက အကြောက်တရားတွေကို ခေတ်သစ်ကို ယူဆောင်မလာဖို့နဲ့ သခင်စိတ်ဓာတ်မွေးကြဖို့ မနေ့ညက နယူးယောက်ပြည်နယ် ယူတီကာမြို့မှာကျင်းပတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲမှာ ပြောသွားပါတယ်။
2013-06-09
မြန်မာသမ္မတ ရာထူးအတွက် သတ်မှတ် ထားတဲ့ အခြေခံဥပဒေပါ ပြဌာန်းချက်တွေ ကို ပြင်ဆင်နိုင်အောင် မိမိရဲ့သြဇာအာဏာကို အသုံးပြုပေး ဖို့ မဖြစ်နိုင်ဘူးလို့ သမ္မတ ဦးသိန်းစိန်က ပြောကြား လိုက်ကြောင်း သိရပါတယ်။
2013-06-08
မြန်မာနိုင်ငံအပါအဝင် ပြည်တွင်းစစ်ဖြစ်နေ တဲ့ နိုင်ငံပေါင်း ၆ နိုင်ငံအတွက် ရည်ရွယ်ပြီး အရိုးပေါင်း ၁ သန်းခင်းပြတဲ့ သရုပ်ဖေါ်အနုပညာ ပြသ လှုပ်ရှားမှုတစ်ခုကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်မှာ အခု ၈ ရက်နေ့ကနေ ၁ဝ ရက်နေ့ထိ ပြုလုပ်နေ ပါတယ်။
2013-06-08
ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ခဝဲခြံ မျက်မမြင်ကျောင်းမှာ ဒီကနေ့ စတင်ကျင်းပ တဲ့ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ညီလာခံကနေ ပညာရေးဆိုင်ရာ အကြံပြုချက် စာတမ်းထုတ်ပြန်သွားပြီး လွှတ်တော်ထံ တင်ပြသွားမယ်လို့ သိရပါတယ်။
2013-06-08
နိုင်ငံပိုင် မီဒီယာတွေကို အများပြည်သူ ဝန်ဆောင်မှု မီဒီယာတွေအဖြစ် ပြောင်းလဲ သွားမယ်လို့ အစိုးရ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဒီနေ့ အများပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေကြမ်း ရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
2013-06-08
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆိုခဲ့ကြသူ ၁၅ ဦး အပေါ် ဖမ်းဝရမ်းထုတ်ထားတာ ကို ပြန်ရုပ်သိမ်းပေးဖို့ ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးကော်မတီ(ရန်ကုန်)အဖွဲ့က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
2013-06-08
ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ပဋိပက္ခ တစ်နှစ်ပြည့် ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားတစ်ခုကို ရခိုင်ပြည်ကျောင်းသား သမဂ္ဂအဖွဲ့က ဦးဆောင်ပြီး ဒီကနေ့စစ်တွေမြို့မှာ ကျင်းပပြု လုပ်ခဲ့ပါတယ်။
2013-06-08
အကြမ်းဖက် သတ်ဖြတ်မှုတွေဖြစ်ပွားနေတဲ့ မလေးရှားနိုင်ငံမှာ မနေ့ကနဲ့ ဒီကနေ့တွေ မှာ မြန်မာနိုင်ငံသား ၃ ဦး ထပ်မံသတ်ဖြတ် ခံရတယ်လို့ သိရပါတယ်။
2013-06-08
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ရိုဟင်ဂျာ မွတ်စလင်မိသားစုတစ်စုကို ကလေး ၂ ဦးထက် ပိုမယူဖို့နဲ့ တစ်လင်တစ်မယားစနစ်ကျင့်သုံးဖု့ိ ဆိုတဲ့ ဒေသန္တရအမိန့်ကို ရခိုင်ပြည်နယ်အစိုးရအနေ နဲ့ အခုချိန်ထိ တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပဲ စဉ်းစားနေဆဲသာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းမြိုင်က RFA ကို ဒီကနေ့ အတည်ပြု ပြောကြားလိုက်ပါတယ်။
2013-06-08
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ဟာ အမေရိကန် ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်ရဲ့ နိုင်ငံတော်လုံခြုံရေး အကြံပေးအရာရှိ မစ္စတာ ဂျိတ် ဆူလီဗင်န် Jake Sullivan နဲ့ ပြီးခဲ့တဲ့နာရီပိုင်းက အိမ်ဖြူတော်မှာတွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ပါတယ်။
2013-06-08
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်း ဟာ အမေရိကန်အောက်လွှတ်တော် ဥက္ကဌ John Boehner ဂျွန်ဘေးနားရဲ့ ဖိတ်ကြားချက်အရ ဝါရှင်တန်ဒီစီမြို့တော်ကို မနက်ဖြန် ဇွန်လ ၉ ရက်နေ့ မနက်ပိုင်းမှာ ရောက်ရှိလာ မှာ ဖြစ်ပါတယ်။
2013-06-08
စစ်ကိုင်းတိုင်း မုံရွာမြို့က ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင် ၃ ဦးကို ခွင့်ပြုချက် မရှိပဲ စီတန်းလှည့်လည်မှု၊ လက်ပံတောင်းတောင်ကြည့် ပွဲပြုလုပ်မှုနဲ့ တရားရုံးက ဒဏ်ငွေတွေ ရိုက်လိုက်တယ်လို့ သတင်းရရှိပါတယ်။
2013-06-07
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်နောက်ပိုင်း စစ်တွေမြို့ အနောက်ဘက် ဒုက္ခသည်စခန်းတွေမှာ ရွှေ့ပြောင်းနေထိုင်ကြတဲ့ မွတ်စလင် ဒုက္ခသည်တွေကို ပေါက်တောမြို့နယ်ကို ပြန်လည်ပြောင်းရွှေ့ဖို့စီစဉ်ရာမှာ မပြောင်းလိုကြပဲ ငြင်းဆန်နေတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က အတည်ပြုပြောကြားပါတယ်။