သူရဦးရွှေမန်း အမေရိကန်လွှတ်တော် လုပ်ငန်းစဉ်တွေကို လေ့လာမည်


2013.06.08

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းဟာ အမေရိကန်အောက်လွှတ်တော် ဥက္ကဌ John Boehner ဂျွန်ဘေးနားရဲ့ ဖိတ်ကြားချက်အရ ဝါရှင်တန်ဒီစီမြို့တော်ကို  မနက်ဖြန် ဇွန်လ ၉ ရက်နေ့ မနက်ပိုင်းမှာ ရောက်ရှိလာမှာ ဖြစ်ပါတယ်။

မြန်မာထိပ်တန်းအရာရှိတစ်ဦးက ဒီခရီးစဉ်ဟာ ဒီမိုကရေစီစနစ်ကို အောင်မြင်စွာကျင့်သုံးပြီး ကမ္ဘာတှမ်းပြန်နှံ့အောင်ဆောင်ရွက်နေတဲ့ အမေရိကန်လွှတ်တော်ရဲ့ လုပ်ငန်းစဉ်တွေကို မြန်မာပြည်က လွှတ်တော်တွေမှာ လိုအပ်သလိုပြဌာန်းကျင့်သုံးနိုင်ရေးအတွက် အဓိကထားလေ့လာမယ့်ခရီးစဉ်ဖြစ်တယ်လို့ RFA ကိုပြောပါတယ်။

သူရဦးရွှေမန်းဟာ ဇွန်လ ၉ ရက်နေ့ရောက်ရောက်ခြင်း ညနေမှာပဲ ဝါရှင်တန်တဝိုက်ရှိ မြန်မာမိသားစုတွေကိုတွေ့ဆုံပြီး ၁ဝ ရက်နေ့မှာ NDI- National Democratic Institute, IRI- International Republican Institute နဲ့ NED- National Endowment for Democracy  ရုံးတွေကို သွားရောက်မှာဖြစ်ပါတယ်။

RFA က ရရှိတဲ့သတင်းအရ ဝါရှင်တန်ဒီစီမှာ ၁၃ ရက်နေ့အထိ နေထိုင်စဉ်အတွင်း သူရဦးရွှေမန်းဟာ လွှတ်တော်သုတေသနဌာန Congressional Research Service(CRS),  ဒီမိုကရေစီစံနစ် စတင်ကျင့်သုံးတဲ့နိုင်ငံတွေကို အထူးကူညီတဲ့အနေနဲ့ အဲဒီနိုင်ငံသစ်တွေက အမတ်တွေ အမေရိကန်လွှတ်တော်မှာ အပြန်အလှန်လာရောက်လေ့လာပြီး အမြင်ခြင်းဖလှယ်တဲ့အစီအစဉ်တွေကိုဆောင်ရွက်တဲ့ လူထုကိုယ်စားပြုုအစိုးရရေးရာအဖွဲ့ Institute for Representative Government( IRG) အပြင် အမေရိကန်လွှတ်တော်ကို စီးပွားရေးဆိုင်ရာ အချက်အလက်တွေတင်ပြရတဲ့ လွတ်တော်ရသုံးငွေစာရင်းရုံး Congressional Budget Office (CBO) တွေကို သွားရောက်ပြီး လွှတ်တော်အမတ်တွေနဲ့ န်ထမ်းအကြီးအကဲတွေကိုတွေ့ဆုံကာ မြန်မာလွှတ်တော်များ စွမ်းဆောင်ရည်ပြည့်ဝရေး၊ လွှတ်တော်လုပ်ငန်းစဉ်များ ပိုမိုတိုးတက်ခိုင်မာရေးအတွက် အမေရိကန်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုပ်ငန်းတွေကိုသာမက အမေရိကန်လွှတ်တော်တွေမှာရှိတဲ့ န်ထမ်းတွေရဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ လုပ်ကိုင်ပုံနည်းစနစ်တွေကို ကြည့်ရှုလေ့လာမယ်လို့ဆိုပါသည်။

လူထုကိုယ်စားပြုုအစိုးရရေးရာအဖွဲ့ Institute for Representative Government( IRG) က ကြီးမှူးပြီး Woodrow Wilson Center မှာ ဇွန်လ ၁၃ရက်နေ့ကျင်းပမယ့် အခမ်းအနားမှာ သူရဦးရွှေမန်းနဲ့အတူ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေးကော်မတီ ဥက္ကဌ ဦးသိန်းဆွေ၊ တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူး ဦးခက်ထိန်နန်၊  ပြည်သူ့ဘဏ္ဏာငွေစာရင်းကော်မတီအဖွဲ့ဝင် ဒေါက်တာ ဝင်းမြင့်တို့အပြင် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဖွံ့ဖြိုးမှု ကော်မတီဝင် ဒေါက်တာမျိုးအောင်တို့ ပါဝင်ဆွေးနွေးကြမယ်လု့ိ သိရပါတယ်။

အဲဒီနောက် ဝါရှင်တန်ကနေ နယူးယောက်မြို့ကို ခရီးဆက်ပြီး ဇွန်လ ၁၄ နဲ့ ၁၅ ရက် နှစ်ရက်ခန့်နေထိုင်စဉ်အတွင်း ကုလသမဂ္ဂဌာနချုပ်ကိုသွားရောက်ပြီး တာဝန်ရှိသူအချို့နဲ့ တွေ့ဆုံမယ်လို့သိရပါတယ်။ အဲဒီနောက် ဆန်ဖရန်စစ္စကို မြို့တော်န်ရဲ့ ဖိတ်ကြားချက်အရ ဇွန်လ ၁၅ရက်ကနေ ၁၇ အထိ ကယ်လီဖိုးနီးယားပြည်နယ်မှာနေထိုင်ပြီး ကမ္ဘာကျော် အမေရိကန်နည်းပညာကုမ္ပဏီတွေတည်ရှိတဲ့ ဆီလီကွန်တောင်ကြားကိုလည်း သွားရောက်လေ့လာမယ်လို့ဆိုပါတယ်။

ပြည်သူ့လွတ်တော်ဥက္ကဌ သူရဦးရွှေမန်းဟာ ဇွန်လ ၁၈ ရက်နေ့မှာ မြန်မာပြည်ကို ပြန်လည်ထွက်ခွာပါလိမ့်မယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။