သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-11-05
နိုဝင်ဘာလ ၇ ရက် တနင်္ဂနွေနေ့မှာ ကျင်းပမဲ့ ရွေးကောက်ပွဲကို ကြည့်ရှုလေ့လာဖို့ ရန်ကုန်မြို့က သံရုံးတွေကို စစ်အစိုးရက ဖိတ်ခေါ်ထားပေမဲ့ အမေရိကန်သံရုံးက ပါဝင်မှာမဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာနက နိုဝင်ဘာ ၄ ရက် မနေ့က ကြေညာလိုက်ပါတယ်။
2010-11-04
နိုဝင်ဘာ ၁၃ ရက်နေ့ နောက်ပိုင်း နေအိမ်အကျယ်ချုပ် သက်တမ်းစေ့မဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့နိုင်ဖို့အတွက် သားငယ်ဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ် အဲရစ်ဟာ နိုဝင်ဘာ ၃ ရက် မနေ့က ထိုင်းနိုင်ငံ ဗန်ကောက်မြို့က မြန်မာစစ်အစိုးရ သံရုံးမှာ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2010-11-04
ရွေးကောက်ပွဲ မတိုင်ခင် တိုင်းရင်းသား ဒေသအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေနဲ့ ရွေးကောက်ပွဲလွန် ကာလမှာ ဘယ်လို ဆက်ဖြစ်လာနိုင်သလဲဆိုတာကို တိုင်းရင်းသားတွေရဲ့ အတွေ့အကြုံ အမြင်တွေနဲ့ ယှဉ်တွဲတင်ပြထားပါတယ်။
2010-11-04
လွှတ်တော်ဟာ တပ်မတော်ကိုသာ လွှမ်းမိုးရမှာ ဖြစ်တယ် တပ်မတော်က ပြည်သူလူထုနဲ့ဖွဲ့ စည်းထားတဲ့လွှတ်တော်ကို လွှမ်းမိုးတာဟာ နောင်အနာဂတ်မှာ သမိုင်းကြောင်းကောင်းနိုင်မှာ မဟုတ်ဘူးဆိုပြီး NLD ခေါင်းဆောင်တဦးဖြစ်တဲ့ သူရဦးတင်ဦးက သူဖြတ်သန်းခဲ့ရတဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍတွေနဲ့ နှိုင်းယှဉ်ပြီး စာတမ်းတစောင် ပြုစုကာ နိုဝင်ဘာ ၄ ရက် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
2010-11-04
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ပူးပေါင်းပြီး ရွေးကောက်ပွဲအလွန် စစ်ရေး၊ နိုင်ငံရေး မဟာမိတ်အဖြစ် ကော်မတီတရပ်ကို ထိုင်းမြန်မာနယ်စပ် တနေရာမှာ နိုဝင်ဘာ ၄ ရက် ဒီကနေ့ စတင် ဖွဲ့စည်းလိုက်ကြောင်း သိရပါတယ် ။
2010-11-04
ဧရာဝတီတိုင်း ပုသိမ် ဆရာအတတ်သင်ကျောင်းမှာ ရှိတဲ့ သင်တန်းသားတွေ အားလုံးကို ကျောင်းအုပ်ကြီး ကိုယ်တိုင် ဦးဆောင် ခေါ်ယူပြီးတော့ နိုဝင်ဘာလ ၂ ရက်နေ့က ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ကြိုတင်မဲပေးခိုင်းခဲ့တယ်လို့ သတင်းရရှိပါတယ်။
2010-11-04
ညောင်ရွှေမြို့မှာ ရောက်နေတဲ့ NLD စည်းရုံးရေး အဖွဲ့ဝင်တွေနဲ့ CRPP အဖွဲ့ဝင်တွေ နိုဝင်ဘာ ၄ ရက် ဒီကနေ့ မနက်ပိုင်းက ဌာနေ NLD အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပရေး ကလေးမြို့ ဆုံးဖြတ်ချက်ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
2010-11-04
ပြည်တွင်းထဲမှာ လျှို့ဝှက်လှုပ်ရှားနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ဗကသများအဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက မဲဆန္ဒရှင်တွေအနေနဲ့ စစ်အာဏာရှင်စနစ်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ဆန့်ကျင် ကန့်ကွက်ကြောင်း ပြဖို့ မဲရုံတွေကို မဲသွားမပေးပါနဲ့ဆိုတဲ့ တိုက်တွန်း ကြေညာချက် ဒီကနေ့ နိုဝင်ဘာ ၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
2010-11-04
နိုဝင်ဘာလ ၇ ရက် တနင်္ဂနွေနေ့မှာ စစ်အစိုးရ ကျင်းပမဲ့ ရွေးကောက်ပွဲကို တရားဝင် ရွေးကောက်ပွဲအဖြစ် ဗြိတိသျှအစိုးရက အသိအမှတ်ပြုမှာ မဟုတ်ဖူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန အငယ်တန်း ဝန်ကြီး Jeremy Browne က ပြောကြားလိုက်ပါတယ်။
2010-11-03
ရွေးကောက်ပွဲအပေါ် ပြည်သူတွေရဲ့ အမြင်သဘောထား တချို့ကို စုစည်းတင်ပြထားပါတယ်။
2010-11-03
ရန်ကုန်မြို့တွင်း မြို့နယ်တွေမှာ စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့ကို ကျော်ပြီး ရွေးကောက်ပွဲမှာ အမတ် နေရာ ၈၀ ခိုင်နှုန်းအထိ နိုင်မယ်လို့ ရွေးကောက်ပွဲဝင်မဲ့ နိုင်ငံရေးပါတီတချို့က မျှော်လင့်ထားကြပါတယ်။
2010-11-03
ဒီကနေ့ မနက်ပိုင်းက တောင်ဒဂုံမြို့နယ် ၇၂ ရပ်ကွက်မှာ ရွေးကောက်ပွဲ မှာ မဲမပေးပဲနေလို့ ရတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစကားတွေပါတဲ့ စာရွက်တွေ လိုက်ဝေတဲ့ NLD လူငယ်တဦးကို အာဏာပိုင် တွေက ဖမ်းသွားပြီး နောက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပါတယ်။
2010-11-03
ရွေးကောက်ပွဲအပေါ် ပြည်သူတွေရဲ့ အမြင်သဘောထား တချို့ကို စုစည်းတင်ပြထားပါတယ်။
2010-11-03
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပတော့မယ် ဆိုပေမဲ့ နိုင်ငံရေးအကျဉ်သားတွေ မလွတ်မြောက်သေးတဲ့အပြင် ထပ်ပြီးတော့တောင် တိုးလာနေတဲ့ အခြေအနေတွေ တင်ပြထားတဲ့ ရွေးကောက်ပွဲ အထူး အစီရင်ခံစာ တစောင်ကို AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ဒီကနေ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
2010-11-03
ရှမ်းပြည်နယ်ကို စည်းရုံးရေးခရီးစဉ်နဲ့ ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ဦးအုန်းကြိုင်နဲ့ CRPP ခေါ် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီအဖွဲ့ အတွင်းရေးမှူး ဦးအေးသာအောင်တို့ ဦးဆောင်တဲ့ အဖွဲ့က ကျိုင်းတုံထောင်မှာ အကျဉ်းကျနေတဲ့ ကိုမင်းကိုနိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၆ ယောက်အတွက် အကူအညီ အထောက်အပံ့တွေကို ထောင်အာဏာပိုင်တွေက လက်မခံပဲ ငြင်းပယ်ခဲ့တယ်လို့ ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။