မြန်မာ့ရွေးကောက်ပွဲ ဗြိတိသျှအစိုးရ အသိအမှတ်မပြု

နိုဝင်ဘာလ ၇ ရက် တနင်္ဂနွေနေ့မှာ စစ်အစိုးရ ကျင်းပမဲ့ ရွေးကောက်ပွဲကို တရားဝင် ရွေးကောက်ပွဲအဖြစ် ဗြိတိသျှအစိုးရက အသိအမှတ်ပြုမှာ မဟုတ်ဖူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန အငယ်တန်း ဝန်ကြီး Jeremy Browne က ပြောကြားလိုက်ပါတယ်။

2010.11.04
anti-election_nld_assk_305_z.png အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ရန်ကုန်မြို့၊ ဗဟိုဌာနချုပ် ရုံးရှေ့တွင် စစ်အစိုးရ၏ ရွေးကောက်ပွဲကို ဆန့်ကျင်သော ပိုစတာ ကပ်ထားသည်ကို ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။
AFP

နိုဝင်ဘာလ ၂ ရက်နေ့က စင်ကာပူနိုင်ငံ Channel News Asia ရုပ်သံဌာနနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ သူက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော် ရှိနေပြီး ရွေးကောက်ပွဲမှာ ပါဝင် ဆောင်ရွက်လိုသူတွေ အနေနဲ့လည်း ပါဝင်ခွင့် မရတာဟာ မြန်မာပြည်သူတွေ လိုချင်တဲ့အခြေအနေကို ထင်ဟပ်မနေပါဘူး။ ဒါကြောင့် ရွေးကောက်ပွဲဟာ တရားဝင်တယ်လို့ ဗြိတိန်နိုင်ငံအနေနဲ့ မယူဆဘူးလို့ ပြောသွားပါတယ်။

မြန်မာရွေးကောက်ပွဲအပေါ် ဗြိတိန်နိုင်ငံရဲ့ အခုလို ပြတ်သားတဲ့ သဘောထားဟာ နိုင်ငံတကာ အသိုင်းအဝိုင်းကို ရိုက်ခတ်မှုတွေ ရှိနိုင်တယ်လို့ လန်ဒန်မြို့အခြေစိုက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဥက္ကဋ္ဌ ဒေါက်တာ ဝင်းနိုင်က ပြောပါတယ်။

ရွေးကောက်ပွဲကို အနီးကပ် စောင့်ကြည့်လေ့လာဖို့ နိုင်ငံတကာ သတင်းထောက်တွေကို စစ်အစိုးရက ပြည်ဝင်ခွင့် မပေးတဲ့အပေါ်မှာ အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-11-04 08:19

အသိအမှတ်မပြုဘူးဆိုတာရွေးကောက်ပွဲပြီးလဲသန်းရွှေနဲ့ဘဲသန်အဆက်အသွယ်လုပ်မယ်ဆိုတဲ့သဘောလါး