ရွေးကောက်ပွဲစောင့်ကြည့်ရေး နိုင်ငံတကာသံရုံးအဖွဲ့မှာ အမေရိကန်ပါဝင်မည်မဟုတ်

နိုဝင်ဘာလ ၇ ရက် တနင်္ဂနွေနေ့မှာ ကျင်းပမဲ့ ရွေးကောက်ပွဲကို ကြည့်ရှုလေ့လာဖို့ ရန်ကုန်မြို့က သံရုံးတွေကို စစ်အစိုးရက ဖိတ်ခေါ်ထားပေမဲ့ အမေရိကန်သံရုံးက ပါဝင်မှာမဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာနက နိုဝင်ဘာ ၄ ရက် မနေ့က ကြေညာလိုက်ပါတယ်။

2010.11.05
election_ballot_box_305_z.png အစိုးရက နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ် မည့် ရွေးကောက်ပွဲ အတွက် ရန်ကုန်မြို့ရှိ မဲရုံတစ်ခုတွင် နိုဝင်ဘာ ၅ ရက်နေ့က မဲပုံးများ ပြင်ဆင်နေပုံ ဖြစ်ပါသည်။
(Photo: AFP)

အစိုးရ အစီအစဉ်အတိုင်းပဲ လိုက်ပြီး ကြည့်ရတာဟာ ရွေးကောက်ပွဲကို အမှန်တကယ် စောင့်ကြည့် လေ့လာတာ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က RFA ကိုပြောပါတယ်။ ရွေးကောက်ပွဲ လေ့လာကြည့်ရှုဖို့ ရန်ကုန်မှာရှိတဲ့ သံတမန်တွေကို စစ်အစိုးရက ဖိတ်ခေါ်ထားပါတယ်။

အမေရိကန် သံရုံးကတော့ ဒီအစီအစဉ်ထဲ ပါဝင်မှာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ ဆိုပေမဲ့ စစ်အစိုးရက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာပါ။ ဒါကို စစ်မှန်တဲ့ စောင့်ကြည်ရေးအဖွဲ့ဆိုပြီး နာမည်တပ်တဲ့အထဲ မပါနိုင်ပါဘူးလို့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသွားပါတယ်။

ဒါအပြင် မြန်မာနိုင်ငံမှာ ရှိတဲ့ အမေရိကန် နိုင်ငံသားတွေကိုလည်း ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေး သတိထားဖို့ နိုဝင်ဘာလ ၂ ရက် နေ့ရက်စွဲနဲ့ ထုတ်ပြန် ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။