လွှတ်တော်သစ်မှာ စစ်တပ် ကြီးစိုးမှုကို ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး ဝေဖန်
2010.11.04

RFA
တပ်မတော်မှာ တာဝန် ထမ်းဆောင်ချိန်ကစပြီး ဒီကနေ့အထိ သူဖြတ်သန်းကြုံတွေ့ခဲ့ရတဲ့ ရွေးကောက်ပွဲ အတွေ့အကြုံတွေကို ဒီစာတမ်းမှာ ရေးသားထားပါတယ်။
၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြု လွှတ်တော်ခေါ်ယူဖို့အတွက် ရွေးကောက်ပွဲကျင်းပတဲ့အချိန်က တပ်မတော်ရဲ့ အခန်းကဏ္ဍ၊ အဲဒီနောက် ၁၉၅၂ ခုနှစ် ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ဆောင်ရွက်နေချိန် ရွေးကောက်ပွဲကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ကျင်းပနိုင်ဖို့ တပ်မတော်သားတွေ လိုက်နာရမဲ့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်ခဲ့ပုံတွေ၊ ၁၉၅၆ ခုနှစ်ကစပြီး တပ်မတော်မှာ နိုင်ငံရေးတွေ ပါဝင်ပတ်သက်လာခဲ့တာကြောင့် အမဲစက်တွေ စွန်းထင်းခဲ့ရပုံတွေ နဲ့ ၁၉၆၀ ရွေးကောက်ပွဲနောက်ပိုင်း မဆလပါတီ ပျက်သုဉ်းခဲ့ရပုံတွေကို ပြောပြထားပါတယ်၊၊
RFA အဖွဲ့သူ ဒေါ်ခင်ခင်အိက ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးကို ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန် |