မိခင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ရန် သားငယ် ဗီဇာလျှောက်

နိုဝင်ဘာ ၁၃ ရက်နေ့ နောက်ပိုင်း နေအိမ်အကျယ်ချုပ် သက်တမ်းစေ့မဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့နိုင်ဖို့အတွက် သားငယ်ဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ် အဲရစ်ဟာ နိုဝင်ဘာ ၃ ရက် မနေ့က ထိုင်းနိုင်ငံ ဗန်ကောက်မြို့က မြန်မာစစ်အစိုးရ သံရုံးမှာ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

2010.11.04
suu_kyi_kim_micheal_sakarov_305_z.png ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စား သားငယ် ကိုထိန်လင်း ခေါ် ကင်မ် အဲရစ်က ဆာခါရော့ဗ် လူ့အခွင့်အရေးဆုကို ဥရောပ ပါလီမန်တွင် ၁၉၉၁ ဇူလိုင် ၁၀ ရက်နေ့က လက်ခံယူနေပုံ ဖြစ်ပါသည်။ နောက်တွင် ရပ်နေသူမှာ ဒေါ်အောင်ဆန်းစုကြည်၏ ကွယ်လွန်သူ ခင်ပွန်း ဒေါက်တာ မိုက်ကယ် အဲရစ် ဖြစ်သည်။ (Photo: AFP)
(Photo: AFP)

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရ ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၃ ရက်နေ့မှာ နေအိမ် အကျယ်ချုပ်က လွတ်လာမယ်လို့ အများက ယူဆထားပါတယ်။ ကိုထိန်လင်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကွယ်လွန်သူ ဒေါက်တာ မိုက်ကယ် အဲရစ်တို့ရဲ့ သား ၂ ဦးထဲက သားငယ် ဖြစ်ပါတယ်။

ကိုထိန်လင်းဟာ အခုအခါ အသက် ၃၂ နှစ် အရွယ်ရှိပြီ ဖြစ်ပြီး ၁၉၉၉ ဧပြီၤလ မှာတုန်းက နှစ်ပေါင်းများစွာ ကွဲကွာနေရတဲ့ မိခင်ဖြစ်သူနဲ့ ပြန်လည်တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု အထူး အယူခံကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့က နေပြည်တော်မှာ ကြားနာခဲ့ပါတယ်။

ရှေ့နေတွေကတော့ အယူအခံအမှုအရ ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၁ ရက်နေ့မှာ ပြန်လွတ်နိုင်တယ်လို့ မျှော်လင့်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-11-04 18:01

Wish all the bests for Kim ..

Anonymous
2010-11-05 09:34

ဒါကတောမိသားစုဝင်တွေရှိတဲလူတိုင်းကိုယ်စားတတ်မယ်လိုထင်ပါတယ်ဘယ်လိုအခြေအနေဘဲရှိရှိအစိုးရခွင့်ပြုဖိုကောင်းတယ်