သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-09-18
သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ရေးဆွဲနေတဲ့ ဥပဒေတွေကို အစိုးရတာဝန်ရှိသူတွေ နားလည်အောင် ကြိုးစားနေရတာဟာ အကြီးမားဆုံး စိန်ခေါ် မှုဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ဒီကနေ့ ပြောလိုက်ပါတယ်။
2014-09-18
ဒီနေ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်က ဓမ္မ ပီယကျောင်းတိုက်မှာ ကျင်းပတဲ့ ၇ နှစ်ပြည့် ရွှေ ဝါရောင် တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်း အနားမှာ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ကို ပြန်လည် ဖွဲ့စည်းပေးဖို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ရွှေဝါရောင်သံဃာတော်များအဖွဲ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2014-09-18
ပြီးခဲ့တဲ့ ဧပြီလက လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံတာကို ကန့်ကွက်ဆန္ဒပြ ခဲ့တဲ့အတွက် ထောင်ဒဏ် ၃ လစီ ချမှတ် ခံထားရတဲ့ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုဝေဠု နဲ့ လယ်သမားအရေးဆောင်ရွက်သူ ဦးဝင်းချိုတို့ကို ဒီနေ့ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၁ လ စီ လျှော့ပေးခဲ့ပါတယ်။
2014-09-17
အမေရိကန်ပြည်ထောင်စုကို ခေတ္တရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးစိုးဝင်းကို ပါတီရဲ့ မူဝါဒ သဘောထားတွေနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တွေ့ဆုံဆွေးနွေးထား ပါတယ်။
2014-09-17
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန် (၃) မှာ တရားမဝင် စက်ရုံပိတ်သိမ်းခဲ့တဲ့ Master Sport ဖိနပ်စက်ရုံရှေ့မှာ မနေ့ညက စက်ရုံအလုပ် သမားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား ရိုက်နှက်မှုတွေ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ရဲမှူးနဲ့ အလုပ်သမား ဝန်ကြီးဌာန တာဝန်ရှိသူတွေက ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2014-09-17
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တွေဖြစ်တဲ့ ဦးဟန်သာမြင့်နဲ့ ဦးစိုးဝင်းတို့ဟာ အမေရိကန်ပြည်ထောင်စု ကို ခေတ္တရောက်နေပြီး အမေရိကန်အစိုးရအရာရှိတွေ၊ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2014-09-17
စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အဖြစ် "ငြိမ်းချမ်းရေးအတွက်ပန်းချီပြပွဲ" အမည်ရှိ ပြပွဲတခုကို ရန်ကုန်မြို့မှာ စက်တင်ဘာလ ၁၃ ရက်နေ့ကစပြီး ပြသနေပါတယ်။
2014-09-17
ချင်းပြည်နယ် ပလက်ဝမြို့နယ် ကွန်ပြင်ကျေးရွာက ဒေသခံခြောက်ဦးကို ချင်းအမျိုးသားတပ်ဦး CNF နဲ့ အဆက်သွယ် ရှိတယ်ဆိုပြီး အစိုးရစစ်တပ်က ခေါ်ယူရိုက်နှက်ခဲ့တာနဲ့ ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်က COMREG ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2014-09-17
မြန်မာ့တပ်မတော် တပ်ရင်းတပ်ဖွဲ့အသီးသီး က တပ်မတော်သားတွေအနေနဲ့ ကရင်ပြည် နယ်အတွင်း မြို့တွင်းမြို့ပြင်သွားလာမှု လုံးဝမပြုလုပ်ဖို့ အပြင်းအထန်တားမြစ်ကြောင်း အစိုးရနဲ့ ငြိမ်းချမ်းရေးယူ ထားတဲ့ KNU/KNLA ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့က ဒီကနေ့ရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက် ပါတယ်။
2014-09-17
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ မြို့နယ် ခန်းမ ဆောက်လုပ်ဖို့လျာထားတဲ့ မြေနေရာဟာ ရှေးဟောင်းမြေနေရာနဲ့ မလွတ်ကင်းတဲ့အတွက် အဲ့ဒီနေရာမှာခန်းမ မဆောက်လုပ်ဖို့ မြောက်ဦးမြို့ခံတွေက ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ ရှေးဟောင်းသုတေသနဌာနကို လက်မှတ်ရေး ထိုးပြီး ကန့်ကွက်စာပေးပို့လိုက်တယ်လို့သိရပါတယ်။
2014-09-17
စက်ရုံပိတ်လိုက်တဲ့အတွက် နစ်နာကြေးပေးဖို့ ၃ လနီးပါးကြာ သပိတ်စခန်းဖွင့်တောင်းဆိုနေတဲ့ လှိုင်သာယာစက်မှုဇုန် ၃ က ကိုရီးယားနိုင်ငံသားပိုင် Master Sports ဖိနပ်စက်ရုံ အလုပ်သမားတွေနဲ့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖဲ့ွဝင်တွေ အကြား မနေ့ကဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုတွေမှာ ပါဝင်ခဲ့တဲ့အလုပ်သမားတွေကို အရေးယူမှာမဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ရဲမှူးကြီး ဦးချစ်ဝိုင်းက ဒီနေ့ ပြောပါတယ်။
2014-09-17
ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေး ကုမ္ပဏီတွေရဲ့ဝင်ငွေနဲ့ နိုင်ငံတော်ကိုပေးဆောင်တဲ့ အခွန် အကောက်တွေကို အများပြည်သူသိရှိအောင် သတင်း ထုတ်ပြန်သွားမှာဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဒီနေ့ ပြည်သူ့လွှတ်တော် မှာ ပြောခဲ့ပါတယ်။
2014-09-17
မြန်မာ့တပ်မတော် တပ်ရင်းတပ်ဖွဲ့အသီးသီးက တပ်မတော်သားတွေအနေနဲ့ ကရင်ပြည်နယ်အတွင်း မြို့တွင်းမြို့ပြင်သွားလာမှု လုံးဝမပြုလုပ်ဖို့ အပြင်းအထန် တားမြစ်ကြောင်း အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ KNU/KNLA ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့က ဒီနေ့ရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2014-09-17
ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျချောင်းမှာရပ်နားထားတဲ့ စက်လှေတစ်စီးကို မြို့နယ်ရဲတပ်ဖွဲ့က မနေ့က ဝင်ရောက်ရှာဖွေရာ လက်ပစ်ဗုံး နှစ်လုံး ရှာဖွေတေ့ွ ရှိခဲ့ပါတယ်။
2014-09-17
မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားများ ကုန် သလောက်ဖြစ်သွားပြီမို့ လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီကို ဖျက်သိမ်းဖို့ရှိတယ်လို့ သမ္မတရုံး ဒုတိယဝန်ကြီး လက်ကျန်နိုင်ငံရေး အကျဉ်းသားစိ စစ်ရေးကော်မတီ အတွင်းရေးမှူး ဦးအောင်သိမ်းက ပြော ပါတယ်။