ကရင်ငြိမ်းချမ်းရေးကောင်စီ ဗိုလ်မှူးကြီး စောတိုက်ဂါးနဲ့ မေးမြန်းချက်


2014.09.17

မြန်မာ့တပ်မတော် တပ်ရင်းတပ်ဖွဲ့အသီးသီးက တပ်မတော်သားတွေအနေနဲ့ ကရင်ပြည်နယ်အတွင်း မြို့တွင်းမြို့ပြင်သွားလာမှု လုံးဝမပြုလုပ်ဖို့ အပြင်းအထန် တားမြစ်ကြောင်း အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ KNU/KNLA ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့က ဒီနေ့ရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေအနေနဲ့ ကရင်ပြည်နယ်အတွင်း အရေးကြီးကိစ္စနဲ့ သွားလာရမယ့်ကိစ္စရှိခဲ့ရင် ဦးစီးခေါင်းဆောင်၊ အင်အား၊ လက်နက်အမျိုးအစားနဲ့ အရေအတွက်၊ ယာဉ်အမျိုးအစားနဲ့ အရေအတွက်၊ သွားလာမယ့်အချိန်နဲ့ နေရာတို့ကို ဗျူဟာမှူး ဗိုလ်မှူးကြီး စောတိုက်ဂါးထံ ကြိုတင်အကြောင်းကြား၊ ခွင့်ပြုချက်ရယူပြီးမှ သွားလာရမယ်လို့ အဲ့ဒီစာထဲမှာ ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မြဝတီအခြေစိုက် KNU/KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ နယ်စပ်လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေး (အထူး)ဗျုဟာမှူး ဗိုလ်မှူးကြီး စောတိုက်ဂါးကို RFA ဝိုင်းတော်သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။