ရေနံဓါတ်ငွေ့ ဝင်ငွေနဲ့ အခွန်ရရှိမှု စာရင်းကို ထုတ်ပြန်ပေးမယ်လို့ ဒုဝန်ကြီး ပြော


2014.09.17
shwe_gas_project_305_z.png ရခိုင်ပြည်နယ်မှ သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ပို့ဆောင်မည့် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းအတွက် ကျောက်ဖြူမြို့အနီးတွင် စက်ယန္တရားကြီးများဖြင့် လုပ်ကိုင်နေပုံ
Photo: Shwe Gas Movement

ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေးကုမ္ပဏီတွေ ရဲ့ဝင်ငွေနဲ့ နိုင်ငံတော်ကိုပေးဆောင်တဲ့ အခွန် အကောက်တွေကို အများပြည်သူသိရှိအောင် သတင်းထုတ်ပြန်သွားမှာဖြစ်ကြောင်း စွမ်းအင်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဒီနေ့ ပြည်သူ့ လွှတ်တော်မှာ ပြောခဲ့ပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြည် တွင်း၊ ပြည်ပ ရေနံနဲ့သဘာဝဓာတ်ငွေ့ တူးဖော်ရေး ကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုနဲ့ အခွန်ပေးသွင်းမှုတွေကို အများပြည်သူသိရှိနိုင်အောင်တင်ပြပေးဖို့ မေးမြန်းချက် အပေါ် ဒုတိယဝန်ကြီး ဦးအောင်ထူးက အခုလို ဖြေ ကြားခဲ့တာပါ။

"နှစ်စဉ်ဝန်ကြီးဌာနအလိုက် ကုမ္ပဏီများ ရဲ့ဝင်ငွေ၊ နိုင်ငံတော်က အခွန်အကောက်ရရှိမှှု၊ ဘဏ္ဍာငွေသုံးစွဲမှှု ဘက်ဂျက်အခြေအနေပါဝင် တဲ့ နိုင်ငံတော်ဘဏ္ဍာငွေ ရသုံးဆိုင်ရာ အချက်အလက်များကိုလည်း ဘဏ္ဍာရေးဝန်ကြီးဌာနက သက်ဆိုင်ရာ လွှတ်တော်အသီးသီးကို အတည်ပြုဆောင်ရွက်လျှက်ရှိပါကြောင်းလည်း တင်ပြအပ်ပါတယ်၊ အဲ့လိုအချက်အလက်များကို အများပြည်သူမျာတင်မကဘူး၊ ကမ္ဘာကပါ သိရှိအောင်အတွက် EITI မှလည်း ထုတ်ပြန်သွားပါ မည်ဖြစ်သလို အခါအားလျော်စွာ သတင်းစာတွေ၊ ဝက်ဘ်ဆိုက်ကနေ ထုတ်ပြန်သွားမယ်လို့ဖြစ်ကြောင်း တင်ပြရင်းနိဂုံးချုပ်ပါတယ်"

မြန်မာနိုင်ငံမှာ ရေနဲ့သဘာဝဓာတ်ငွေ့တူးဖော်ရေးကုမ္ပဏီတွေရဲ့ ရင်းနှီးမြုပ်နှံမှု၊ အခွန်ပေးဆောင်မှု၊ အကျိုး အမြတ်ခွဲဝေမှုတွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိတာကြောင့် အခုလိုမေးမြန်းတာဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောပါတယ်။

"ကုမ္ပဏီအများစုက သူတို့ကုမ္ပဏီရဲ့ ရင်းနှီးမြှပ်နှံမှှုငွေကြေးပမာဏ ဘယ်လောက်ရှိတယ်၊ နောက် ပြီးတော့ နိုင်ငံတော်ကို ထုတ်လုပ်မှှုက ဘယ်လောက်ထုတ်လုပ်တယ်၊ နိုင်ငံတော်ဟာ အခွန် ဘဏ္ဍာငွေပေးသွင်းမှှု ဘယ်လောက်ပေးသွင်းတယ်၊ ရှယ်ယာပါတနာဖြစ်တဲ့ အကျိုးအမြတ်တွေကို ဘယ်လိုခွဲဝေတယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်တင်ပြခြင်းပြုကြဖို့ ဒါကို နိုင်ငံတကာ စွမ်းအင်စောင့်ကြည့်ရေးအဖွဲ့တွေကလည်း စောင့်ကြည့်နေတယ်၊ ဒီဟာနဲ့ ပတ်သက်ပြီးတော့ မှ နိုင်ငံတော်ဘဏ္ဍာ အပြည့်အဝမရရှိတာတို့ အလေအလွင့်တွေရှိတာတို့၊ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ခြစားမှှုတွေရှိတယ် ဆိုပြီးတော့မှလည်း နိုင်ငံတကာ စွမ်းအင်စောင့်ကြည့်ရေးအဖွဲ့တွေ ကလည်း ဝေဖန်သုံးသပ်တာတွေလည်း ရှိနေတယ်မို့လို့ ဒီမေးခွန်းလေးကို မေးခြင်းဖြစ်ပါတယ်"

မြန်မာနိုင်ငံမှာ TOTAL၊ CHEVRON၊ SHELL စတဲ့ ရေနံနဲ့သဘာဝ ဓာတ်ငွေ့တူးဖော်ရေးကုမ္ပဏီ ၅၀ လောက်ဟာ စွမ်းအင်ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရရှိထားတာဖြစ်တယ်လို့ သိရပါတယ်။

Global Witness လို့ခေါ်တဲ့ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့က မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း လုပ်ပိုင်ခွင့်ရရှိထားတဲ့ ကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုအချက်အလက်တွေကို တရားဝင်ထုတ်ပြန်ပေးဖို့ ပြီးခဲ့တဲ့ ဇွန်လက မြန်မာအစိုးရကို တောင်းဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။