မြောက်ဦး ရှေးဟောင်းနယ်မြေမှာ ခန်းမ မဆောက်ဖို့ ဒေသခံတွေ ကန့်ကွက်
2014.09.17
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ မြို့နယ်ခန်းမ ဆောက်လုပ်ဖို့လျာထားတဲ့ မြေနေရာဟာ ရှေးဟောင်းမြေနေရာနဲ့ မလွတ်ကင်းတဲ့အတွက် အဲ့ဒီနေရာမှာခန်းမ မဆောက်လုပ်ဖို့ မြောက်ဦးမြို့ခံတွေက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် နဲ့ ရှေးဟောင်းသုတေသနဌာနကို လက်မှတ်ရေးထိုးပြီး ကန့်ကွက်စာပေးပို့လိုက်တယ်လို့သိရပါတယ်။
မြို့နယ်ခန်းမဆောက်လုပ်တာကို ကန့်ကွက်တာမဟုတ်ဘဲ ခန်းမဆောက်လုပ်ဖို့ ရွေးချယ်ထားတဲ့ မြေနေရာဟာ ရခိုင်သမိုင်းမှာ ထင်ရှားတဲ့ဘုရင်မျိုးနွယ်တွေရဲ့ သချိုၤင်းမြေနေရာဖြစ်တဲ့အတွက် ကန့်ကွက်တာဖြစ်တယ် လို့ မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးကော်မတီ ပြန်ကြားရေးတာဝန်ခံ ဦးအေးမောင်သန်းက ပြောပါတယ်။
"ခန်းမဆောက်လုပ်ဖို့ ကန့်ကွက်တာ အဲ့ဒီမြေနေရာဟာ ကျနော်တို့ရဲ့ ရခိုင်ရှင်ဘုရင်တွေ၊ မင်းညီ မင်းသားတွေကို မီးသဂြိုလ်ပေးတဲ့ သချိုၤင်းခေါ်ပါတယ်၊ မြို့ခံတွေကတော့ ရှေးဟောင်းအမွေအနှစ်ကို ရှိစေချင်ပါတယ်၊ ဘယ်နေရာပဲဖြစ်ဖြစ်ပေါ့"
ပြီးခဲ့တဲ့နှစ်က မြောက်ဦးမြို့မှာ မြို့နယ်ခန်းမ ဆောက်လုပ်ဖို့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့ခံတချို့ နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး တစ်ဘက်ဆည်ကန်ကျောင်းအနီးမှာ ဆောက်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့သိရပါတယ်။ လက်ရှိမှာ မြို့နယ်ခန်းမ ဆောက်လုပ်ဖို့အတွက် ဆောက်လုပ်ရေးကုမ္ပဏီတွေကို ရွေးချယ်ထားပြီးဖြစ်တယ် လို့ ဒေသခံတွေက ဆိုပါတယ်။