စစ်တွေမှာ လက်ပစ်ဗုံးနှစ်လုံး တွေ့ရှိ
2014.09.17

Photo: RFA
ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျချောင်းမှာရပ်နား ထားတဲ့ စက်လှေတစ်စီးကို မြို့နယ်ရဲတပ်ဖွဲ့က မနေ့က ဝင်ရောက်ရှာဖွေရာ လက်ပစ်ဗုံး နှစ်လုံး ရှာဖွေတေ့ွ ရှိခဲ့ပါတယ်။
"မင်းမင်းဝမ်း" အမည်ရှိတဲ့ စက်လှေထဲကနေ ရှာဖွေတေ့ွရှိခဲ့တာဖြစ်ပြီး အမှုနဲ့ဆက်စပ်တဲ့ ဆင်ကူးလမ်းရပ်ကွက်ကအိမ်တစ်လုံးမှာ ယမ်းပြင်း ဘလောက်တုံး ၃ တုံးကို ထပ်မံတေ့ွရှိခဲ့တယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။
အဲ့ဒီစက်လှေနဲ့ဆက်စပ်နေတဲ့ စစ်တွေမြို့ခံတစ်ဦးနဲ့ ရသေ့တောင်မြို့ခံတစ်ဦးကို မြို့နယ်ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ရဲတပ်ဖွဲ့စစ်ဆေးချက်တွေအရ အဲ့ဒီ စက်လှေဟာ ဘင်္ဂလားဒေ့ရ်ှ နိုင်ငံကို ကုန်ကူးတဲ့စက်လှေဖြစ်ပြီး လုံခြုံရေးအတွက် လက်ပစ်ဗုံးတွေ ဆောင်ထားတာဖြစ်တယ်လို့ ထွက်ဆိုကြောင်း ရဲအရာရှိတွေက ဆိုပါတယ်။